ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း) ၁။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးရုံးဝင်းအတွင်းရှိ ရန်ကုန်(နောက်ချန်)ရုံး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အောက်ဖော်ပြပါ လုပ်ငန်းအတွက် ဆောက်လုပ်ရေး ကုမ္ပဏီများမှ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ စဉ် စခန်းအမည် လုပ်ငန်းအမျိုးအစား ၁ မရမ်းကုန်းမြို့နယ် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်နောက်ချန်ရုံးရှိသင်တန်း ခန်းမကြီးနှင့် သင်တန်းခန်းပြတင်းပေါက်တံခါးများ (၂၆ပေါက်)၊ သန့်စင်ခန်း (၄ခန်း)၊ မျက်နှာကျက်များ (၄၅’x ၁၀’) [...]
