ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

တင်ဒါအမှတ် -
ဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
လုပ်ငန်းအမျိုးအစား အဆောက်အဦပြုပြင်ခြင်း
တင်ဒါစတင်ရောင်းချသည့်နေ့ 25 May, 2026
တင်ဒါပိတ်မည့်ရက်စွဲ 1 June, 2026
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ပို့ဆောင်ရေးဝန်ကြီးဌာန

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

         ရန်ကုန်တိုင်းဒေသကြီး

        (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

 

၁။     မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးရုံးဝင်းအတွင်းရှိ ရန်ကုန်(နောက်ချန်)ရုံး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အောက်ဖော်ပြပါ လုပ်ငန်းအတွက် ဆောက်လုပ်ရေး ကုမ္ပဏီများမှ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

စဉ်

စခန်းအမည်

လုပ်ငန်းအမျိုးအစား

မရမ်းကုန်းမြို့နယ် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်နောက်ချန်ရုံးရှိသင်တန်း ခန်းမကြီးနှင့် သင်တန်းခန်းပြတင်းပေါက်တံခါးများ (၂၆ပေါက်)၊ သန့်စင်ခန်း (၄ခန်း)၊ မျက်နှာကျက်များ (၄၅’x ၁၀’) (၄ ကန့်) ပြုပြင်ခြင်း
မရမ်းကုန်းမြို့နယ် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်နောက်ချန်ရုံးရှိ ဒုတိယ ညွှန်ကြားရေးမှူးအိမ်ရာအကြီးစားပြုပြင်ခြင်း
မရမ်းကုန်းမြို့နယ် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်နောက်ချန်ရုံး၊ အရာထမ်း အိမ်ရာ၂ခန်းတွဲ အမိုးများ(၄၀’x၁၄’) (၂ဘက်) (၉’-၉”x၇’-၆”)၂ခန်း  ပြုပြင် ခြင်း၊ မျက်နှာကျက်များ(၂၀’x၂၀’)(၂)ခန်း ပြန်လည်ပြုပြင်ခြင်း
မရမ်းကုန်းမြို့နယ် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊  ရန်ကုန် နောက်ချန်ရုံးရှိ ယာဉ် မောင်းအိမ်ရာ၊ ပျဉ်ထောင်သွပ်မိုး (၂)လုံး (၂၁’x၂၁’x၁၀’) အမိုးသွပ်၊ အကာ၊ အခင်းများပြုပြင်ခြင်း၊သစ်သားတိုင်များအစားထိုးလဲလှယ်ခြင်း

 

၂။       တင်ဒါလျှောက်လွှာများအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့ တွင် ၂၀၂၆ခုနှစ်၊ မေလ (၂၅)ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး၊ တင်ဒါတင်သွင်းသူများသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့၊ ညနေ (၁၆:၀၀) နာရီတွင် နောက်ဆုံးထားပြီး တင်သွင်းရမည် ဖြစ်ပါသည်။

                                                                                                      

၃။      တင်ဒါပုံစံစည်းကမ်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်း၏ အသေးစိတ် အချက်အလက်များအား သိရှိလိုပါက ရုံးချိန်အတွင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့သို့ လူ ကိုယ်တိုင်ဖြစ်စေ၊ ၊ ၀၉-၂၅၀၉၅၄၆၅၉၊ ၀၉-၄၄၈၅၃၄၁၈၄ ဖုန်းနံပါတ်များသို့  ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ပါသည်။

 

၄။      သတ်မှတ်ချိန်ထက် နောက်ကျတင်သွင်းသည့် အိတ်ဖွင့်တင်ဒါများအား လုံးဝ(လုံးဝ)လက်ခံ စဉ်းစားမည်မဟုတ်ပါ။

 

 လိပ်စာ- ရန်ကုန်(နောက်ချန်ရုံး)

                      မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

                      အမှတ်(၅၀)၊ကမ္ဘာအေးဘုရားလမ်း၊မရမ်းကုန်းမြို့နယ်၊(၇)ရပ်ကွက်၊ ရန်ကုန်မြို့

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Share this post