ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဉီးစီးဌာန အိတ်ဖွင့်တင်ဒါ(Open Tender)ခေါ်ယူခြင်း
| တင်ဒါအမှတ် | - |
| ဌာန | ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဉီးစီးဌာန |
| လုပ်ငန်းအမျိုးအစား | General Procurement |
| တင်ဒါစတင်ရောင်းချသည့်နေ့ | 22 April, 2026 |
| တင်ဒါပိတ်မည့်ရက်စွဲ | 12 May, 2026 |
| ခန့်မှန်းတန်ဖိုး | - |
| လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဉီးစီးဌာန |
၁။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်း(၂)ခု၊ Box Culvertလုပ်ငန်း(၂)ခု၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၂)ခု၊ မြေကြီး/သဲဖို့ခြင်းလုပ်ငန်း(၄)ခု၊ အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း(၇)ခု၊ Transformer တပ်ဆင်ခြင်း(၃)ခု၊ မီးငြှိမ်းသတ်ရေးစက်ပစ္စည်းကိရိယာ(၄)မျိုး၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာ (၁၃)မျိုး၊ ရုံးသုံးစက်ပစ္စည်းကိရိယာ(၂)မျိုးနှင့် အခြားစက်ပစ္စည်း(၃)မျိုးစသည့်တို့အား ဆောင်ရွက်မည် ဖြစ်ပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား သတ်မှတ်ချက်နှင့်အညီ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များ၊ အသေးစိတ်အချက်အလက်များနှင့် သိရှိလိုသည် များကို အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်များတွင် ရုံးချိန်အတွင်း လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်-
တင်ဒါပုံစံရောင်းချမည့်ရက် – (၂၂.၄.၂၀၂၆)ရက်နေ့
တင်ဒါပုံစံနောက်ဆုံးရောင်းချမည့်ရက် – (၁၂.၅.၂၀၂၆)ရက်နေ့
တင်ဒါပုံစံရောင်းချမည့်နေရာ – အမှတ်(၁၂၉)၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး
(တင်ဒါဖောင်ပြန်လည်တင်ရမည့်ရက်အား အကြောင်းကြားသွားပါမည်)
တင်ဒါကော်မတီ
ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန
ဖုန်း – ၀၉-၄၂၀၀၆၇၈၉၅
