သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်/လှည်းကူးခရိုင်/တိုက်ကြီးခရိုင် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
| တင်ဒါအမှတ် | - |
| ဌာန | ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန |
| လုပ်ငန်းအမျိုးအစား | ကျေးလက်လမ်း၊ တံတား လုပ်ငန်းများအတွက် ပစ္စည်းများတင်ဒါခေါ်ယူခြင်း |
| တင်ဒါစတင်ရောင်းချသည့်နေ့ | 15 May, 2026 |
| တင်ဒါပိတ်မည့်ရက်စွဲ | 2 June, 2026 |
| ခန့်မှန်းတန်ဖိုး | - |
| လုပ်ငန်းဆောင်ရွက်မည့်နေရာ | ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန |
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်/လှည်းကူးခရိုင်/တိုက်ကြီးခရိုင်
လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မှော်ဘီခရိုင်/ လှည်းကူး ခရိုင်/ တိုက်ကြီးခရိုင် အတွင်းရှိ မြို့နယ်များတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်လမ်း၊တံတား၊ Box Culvertနှင့် မြေထိန်းနံရံ လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းသုံး ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၊ မှော်ဘီခရိုင် တွင် အောက်ပါအစီအစဉ်အတိုင်း ရောင်းချသွားမည် ဖြစ်ပါသည်-
(က)တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက် − ( ၁၅. ၅. ၂၀၂၆) (သောကြာနေ့ )
(ခ)တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက် − ( ၂. ၆. ၂၀၂၆) (အင်္ဂါနေ့ )၁၆:၃၀ နာရီအထိ
(ဂ) တင်ဒါစိစစ်ရွေးချယ်ဖွင့်ဖောက်မည့်ရက်နှင့်အချိန် – ( ၅. ၆. ၂၀၂၆)(သောကြာနေ့ ) နံနက် (၀၉ : ၃၀) နာရီ
(ဃ)တင်ဒါတင်သွင်း ရမည့်နေရာနှင့်ဖွင့်ပွဲကျင်းပမည့်နေရာ – လက်ထောက်ညွှန်ကြားရေးမှူး(ရုံး)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မှော်ဘီခရိုင်၊ အမှတ်-၅၈၇- ဘီ၊တိုးချဲ့(၄)ရပ်ကွက်၊ တာပတ်လမ်း၊ မှော်ဘီမြို့နယ်။
၃။ အသေးစိတ်အချက်အလက်များနှင့် တင်ဒါလျှောက်လွှာများအား မှော်ဘီခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အမှတ်-၅၈၇- ဘီ ၊ တာပတ်လမ်း ၊ တိုးချဲ့(၄)ရပ်ကွက် ၊ မှော်ဘီမြို့နယ်တွင် လာရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း ၊ ဖုန်း ၀၉-၇၇၀၆၇၂၂၃၂ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

