သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအမှတ် လုပ်ငန်းတင်ဒါအမှတ်စဉ်(၁/၂၀၂၆-၂၀၂၇)
ဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
လုပ်ငန်းအမျိုးအစား ကျေးလက် လမ်း/ တံတား လုပ်ငန်းများ
တင်ဒါစတင်ရောင်းချသည့်နေ့ 15 May, 2026
တင်ဒါပိတ်မည့်ရက်စွဲ 29 May, 2026
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

းတင်ဒါအမှတ်စဉ်(၁/၂၀၂၆-၂၀၂၇)

၁။      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအောက်ရှိမြို့နယ်များတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်း‌ဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတားနှင့် Box Culvert လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။   အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို  ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင် အောက်ပါ အစီအစဉ်အတိုင်း ရောင်းချသွားမည်ဖြစ်ပါသည်။

(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်                 – ( ၁၅.၅.၂၀၂၆ )( သောကြာနေ့)

 

(ခ) တင်ဒါနောက်ဆုံး တင်သွင်းရမည့်ရက်                             – (  ၂၉.၅.၂၀၂၆ )(သောကြာနေ့) ၁၆:၃၀ နာရီအထိ

 

(ဂ) တင်ဒါ ဖွင့်ဖောက်မည့် ရက်နှင့်အချိန်                                 – (  ၁. ၆. ၂၀၂၆) (တနင်္လာနေ့ ) နံနက် (၀၉ : ၃၀) နာရီ

 

(ဃ) တင်ဒါတင်သွင်းရမည့်နေရာ နှင့် ဖွင့်ပွဲကျင်းပမည့်နေရာ  – ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အမှတ်(၁၁+၁၂)၊  (၉၁)ရပ်ကွက်၊ ဇလွန်မြစ်(၃)လမ်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 

၃။ အသေးစိတ်အချက်အလက်များ နှင့် တင်ဒါလျှောက်လွှာများအား ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် လာရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း ၊ ဖုန်း-၀၉-၉၇၅၃၆၅၄၆၇ နှင့် ၀၉-၅၀၃၄၈၆၀ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်း နိုင်ပါကြောင်း အသိပေးကြေငြာ အပ်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

Share this post