သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအမှတ် -
ဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
လုပ်ငန်းအမျိုးအစား ကုန်ထုတ်လမ်း၊ တံတားနှင့် ကျေးလက်ရေပေးရေး လုပ်ငန်းများဆောင်ရွက်ရန်
တင်ဒါစတင်ရောင်းချသည့်နေ့ 4 May, 2026
တင်ဒါပိတ်မည့်ရက်စွဲ 18 May, 2026
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

၁။       ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်များတွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် ကုန်ထုတ်လမ်း၊ တံတားနှင့် ကျေးလက်ရေပေးရေး လုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ပါသည်-

(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် ( ၄.၅.၂၀၂၆ ) ရက်
(တနင်္လာနေ့)
(ခ) တင်ဒါလျှောက်လွှာရောင်းချမှု ပိတ်သိမ်းမည့်ရက် (၁၈.၅.၂၀၂၆ )ရက်
(တနင်္လာနေ့)
(ဂ) တင်ဒါလျှောက်လွှာ(နောက်ဆုံး)တင်သွင်းရမည့်ရက် (၁၈.၅.၂၀၂၆ )ရက်
(တနင်္လာနေ့)
(ဃ) တင်ဒါဖွင့်လှစ်မည့်ရက် (၁၉.၅.၂၀၂၆ )ရက်
(အင်္ဂါနေ့)
(င) တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ ရန်ကုန်တိုင်းဒေသကြီး
ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးရုံး
(စ) တင်ဒါအကြိုရှင်းလင်းမည့်ရက်
(သီးခြားဖိတ်စာမပို့ပါ)
(၁၂.၅.၂၀၂၆ )ရက်
(အင်္ဂါနေ့)
(နံနက်၁၀:၀၀)
တိုင်းကျေးလက်ရုံး

၂။       အသေးစိတ်သိရှိလိုပါက ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန၊ အမှတ်(၂၄၅) သန်လျက်စွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ် ဖုန်းနံပါတ်- ၀၁-၉၀၁၀၆၅၀ နှင့် email – [email protected]သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ

Share this post