ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

တင်ဒါအမှတ် -
ဌာန ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
လုပ်ငန်းအမျိုးအစား ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်
တင်ဒါစတင်ရောင်းချသည့်နေ့ 14 May, 2026
တင်ဒါပိတ်မည့်ရက်စွဲ 27 May, 2026
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

၁။      ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်တွင် ၂၀၂၆ -၂၀၂၇  ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါခေါ်ယူလိုပါသည်။

၂။      အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစိုးရအဖွဲ့ရုံး) ဂိတ်အမှတ် (၄)၊ အလုံလမ်းတွင် ၀၉၃၀ အချိန်မှ ၁၆၃၀ အချိန်အတွင်း(ရုံးပိတ်ရက်မပါ)ဝယ်ယူနိုင်ပါသည်။

၃။      တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်   –         ၁၄-၅-၂၀၂၆ ရက်

၄။      တင်ဒါလျှောက်လွှာအရောင်းပိတ်မည့်ရက်    –         ၂၇-၅-၂၀၂၆ ရက်

၅။      တင်ဒါလျှောက်လွှာတင်သွင်းရမည့်နေ့ရက်    –         ၂၉-၅-၂၀၂၆ ရက်(ရုံးချိန်အတွင်း)

ရန်ကုန်တိုင်းဒေသကြီးအထွေထွေ

အုပ်ချုပ်ရေးဦးစီးဌာန

၆။      တင်ဒါဖွင့်မည့်ရက်/အချိန်                         –         ထပ်မံကြေညာပါမည်

၇။      တင်ဒါဖွင့်မည့်နေရာ                                –         ရန်ကုန်တိုင်းဒေသကြီးအထွေထွေ                                                                        အုပ်ချုပ်ရေးဦးစီးဌာန

အစည်းအဝေးခန်းမ

၈။      သတ်မှတ်ရက်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်းနံပါတ် ၀၁-၈၃၀၂၅၆၄ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

Share this post