ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အိတ်ဖွင့်တင်ဒါ‌ခေါ်ယူခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အိတ်ဖွင့်တင်ဒါ‌ခေါ်ယူခြင်း

တင်ဒါအမှတ် -
ဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
လုပ်ငန်းအမျိုးအစား လုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း
တင်ဒါစတင်ရောင်းချသည့်နေ့ 28 April, 2026
တင်ဒါပိတ်မည့်ရက်စွဲ 12 May, 2026
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

၁။            ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအ‌ရောက်ကျပ်ငွေဖြင့် ဝယ်ယူ‌လိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့် တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် –

           စဉ်                        ပစ္စည်းအမျိုးအမည်                                                         အရေအတွက်

(က)      ဘိလပ်မြေ/ သံချောင်းလုံး / MS Plate                                     ၄၀၆၅၀၀ အိတ်/ ၄၅၅ တန်/  ၆၉.၆၄ တန်

(ခ)         4 Angle Sheet/ Beam/ HDPE ပိုက်နှင့်ပိုက်ဆက်ပစ္စည်း      ၈၈၂၀  မီတာ/ ၁၄.၅၀ တန်/  1  Lot

(ဂ)         Butterfly Valve/ကတ္တရာ/ ရေရောကတ္တရာ                           ၁၀  လုံး / ၇၈၀  တန်/၃၉  တန်

(ဃ)        315 KVA Transformer/ ဘာဂီယာဉ် / စက္ကူ(၃)မျိုး              ၃  လုံး / ၃၈  စီး/ ၆၁၄၀ ထုပ်

(င)          CTP Plate/ Art, White Card/ ပုံနှိပ်မင်                                 ၈၉ ထုပ် / ၁၆၉  ထုပ် / ၂၀၀   ဖာ

(စ)          လိပ်သဲကျောက်(၃)မျိုး/ မြစ်ကျောက်စရစ်/မြစ်သဲကြမ်း          ၄၅၀၀ ကျင်း/၁၂၀၀၀ကျင်း/ ၆၅၀၀ ကျင်း

(ဆ)        ဒီဇယ်ဆီ/ ပရီမီယံဒီဇယ်ဆီ/ ဓါတ်ဆီ                                         ၄၇၆၂၈၄ ဂါလန်/ ၄၀၇၀၀ ဂါလန်/ ၁၀၀၀၀ ဂါလန်

၂။             အိတ်ဖွင့်တင်ဒါပုံစံများကို   ၂၈ – ၄ -၂၀၂၆ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး   ၁၂  – ၅ -၂၀၂၆ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍   တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနခွဲတွင်ဝယ်ယူနိုင် ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ

Share this post