ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
| တင်ဒါအမှတ် | - |
| ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
| လုပ်ငန်းအမျိုးအစား | လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူလိုခြင်း |
| တင်ဒါစတင်ရောင်းချသည့်နေ့ | 23 July, 2026 |
| တင်ဒါပိတ်မည့်ရက်စွဲ | 4 August, 2026 |
| ခန့်မှန်းတန်ဖိုး | - |
| လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့် တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် –
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) Computer(Desktop,Laptop)/Monitor/Tablet ၇၃ စုံ/ ၂၇ လုံး/ ၁၀ လုံး/၁၀ လုံး
(ခ) Printer(Bill, Production, Laser,Colour) ၁ လုံး/ ၁ လုံး/ ၄၇ လုံး/၅၂ လုံး
(ဂ) UPS(၂)မျိုး/Scanner /Copier/Counting Machine ၁၃ လုံး/ ၅ လုံး/ ၅၁ လုံး/ ၂ လုံး
(ဃ) Face Scan & Finger Print /စားပွဲ(အရာရှိ/စာရေး/သံ) ၂၀ လုံး/ ၃၉ လုံး/ ၅၄ လုံး/၅၀ လုံး
(င) ကုလားထိုင်(လက်တန်းပါ/လက်တန်းမပါ/စတီး/ဆုံလည်) ၅၁ လုံး/၄၀ လုံး /၅၀ လုံး/၁၀ လုံး
(စ) ဘီဒို(သစ်သား/သံ)/ ဖိုင်တင်စင်/ ကွန်ပျူတာစားပွဲ+ကုလားထိုင် ၁၀ လုံး/ ၆၂ လုံး/ ၆၀ ခု/၂၆ စုံ
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၂၃ – ၇ -၂၀၂၆ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ၄ – ၈ -၂၀၂၆ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနခွဲတွင် ဝယ်ယူ နိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ
