လမ်းဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး (၁/၂ဝ၂၆-၂ဝ၂၇)(ပစ္စည်း) အိတ်ဖွင့်တင်ဒါ(Open Tender) ခေါ်ယူခြင်း

လမ်းဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး (၁/၂ဝ၂၆-၂ဝ၂၇)(ပစ္စည်း) အိတ်ဖွင့်တင်ဒါ(Open Tender) ခေါ်ယူခြင်း

တင်ဒါအမှတ် -
ဌာန လမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး
လုပ်ငန်းအမျိုးအစား လမ်း/တံတားလုပ်ငန်းများအတွက် ပစ္စည်းဝယ်ယူလိုခြင်း
တင်ဒါစတင်ရောင်းချသည့်နေ့ 5 June, 2026
တင်ဒါပိတ်မည့်ရက်စွဲ 19 June, 2026
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ လမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး

လမ်းဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး (၁/၂ဝ၂၆-၂ဝ၂၇)(ပစ္စည်း) အိတ်ဖွင့်တင်ဒါ(Open Tender) ခေါ်ယူခြင်း

၁။      ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်၊ ပြည်ထောင်စု/တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့်ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများ အတွက် လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများ [ကတ္တရာ(၈၀/၁၀၀)၊ ဘိလပ်မြေ၊ သံချောင်းလုံးရွယ်စုံ၊ ဒီဇယ်ဆီ(ပရီမီယမ်)]တို့အား အိတ်ဖွင့်တင်ဒါခေါ်ယူမည်ဖြစ်ပါသည်။

(က)   တင်ဒါလျှောက်လွှာရောင်းချမည့် ရက်/အချိန်/နေရာ  – (၅.၆.၂၀၂၆) ရက်၊ သောကြာနေ့(ရုံးချိန်အတွင်း)၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ အမှတ်(၃၉)၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်

(ခ)     တင်ဒါလျှောက်လွှာပိတ်မည့် ရက်/အချိန်/နေရာ         – (၁၉.၆.၂၀၂၆) ရက်၊ သောကြာနေ့ညနေ(၄း၀၀)နာရီ၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ အမှတ်(၃၉)၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်

(ဂ)     အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်မည့် ရက်/အချိန်/နေရာ – (၂၂.၆.၂ဝ၂၆) ရက်၊ တနင်္လာနေ့နံနက်(၁၀း၀၀)နာရီ၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊အမှတ် (၃၉)၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်

၂။ တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးအဖွဲ့

၀၁-၈၃၇၁၀၆၄

TN/၂၆/တင်ဒါ(ကြော်ငြာ)

Share this post