ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအမှတ် -
ဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
လုပ်ငန်းအမျိုးအစား လုပ်ငန်းသုံးပစ္စည်းများကို ကျပ်ငွေဖြင့်ဝယ်ယူခြင်း
တင်ဒါစတင်ရောင်းချသည့်နေ့ 23 January, 2026
တင်ဒါပိတ်မည့်ရက်စွဲ 29 January, 2026
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အိတ်ဖွင့်တင်ဒါ‌ခေါ်ယူခြင်း

၁။             ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါလုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအ‌ရောက်ကျပ်ငွေဖြင့် ဝယ်ယူ‌လိုပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်း ရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-

                     စဉ်       ပစ္စည်းအမျိုးအမည်                                                                          အရေအတွက်

                 (က)  ရေ‌ရောကတ္တရာ                                                                                      ၁၀   တန်

(ခ) Chipping ¾ “/ Chipping ⅜”/Crushed Dust               ၃၅၀/၅၀၀/၃၅၀  ကျင်း

၂။              အိတ်ဖွင့်တင်ဒါပုံစံများကို ၂၃ – ၁- ၂၀၂၆ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး  ၂၉ – ၁-၂၀၂၆ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံး ထား၍တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအားမြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနခွဲတွင် ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

                                                                                                     ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ

Share this post