ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
| တင်ဒါအမှတ် | - |
| ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
| လုပ်ငန်းအမျိုးအစား | လုပ်ငန်းသုံးပစ္စည်းဝယ်ယူလိုခြင်း(အိတ်ဖွင့်တင်ဒါ) |
| တင်ဒါစတင်ရောင်းချသည့်နေ့ | 17 September, 2026 |
| တင်ဒါပိတ်မည့်ရက်စွဲ | 29 September, 2026 |
| ခန့်မှန်းတန်ဖိုး | - |
| လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့် တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် –
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) နုံးသဲ/ ဘိလပ်မြေ/ HDPE ပိုက်နှင့်ပိုက်ဆက်ပစ္စည်း ၁၆၂၆၀.၈၂၅ ကျင်း/ ၂၅၀၀၀ အိတ်/ 1 Lot
(ခ) (PACl) Powder Bag/ (NaOCl) Solution/ ၂၁၅၀၀ အိတ်/ ၈၀၀ m3/ ၂၄၆.၂၀၁ တန်
သံချောင်းလုံးအရွယ်စုံ (HRB-400)
(ဂ) Fogging Machine/ လိပ်သဲကျောက် ၆” x ၉” ၇ လုံး/ ၁၀၆ ကျင်း
(ဃ) Chipping (3/4 “, 3/8 “)/ Crushed Dust ၁၃၀၀ ကျင်း/ ၁၃၀၀ ကျင်း/ ၁၂၀၀ ကျင်း
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၁၇- ၉ -၂၀၂၆ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ၂၉ – ၉ -၂၀၂၆ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနခွဲတွင် ဝယ်ယူ နိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ
