သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး (အိတ်ဖွင့်တင်ဒါခေါ်ယူထားသည့် ရက်အား ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်း)
| တင်ဒါအမှတ် | - |
| ဌာန | ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန |
| လုပ်ငန်းအမျိုးအစား | ကျေးလက်လမ်း၊ တံတားနှင့် Box Culvert လုပ်ငန်းများ |
| တင်ဒါစတင်ရောင်းချသည့်နေ့ | 1 June, 2026 |
| တင်ဒါပိတ်မည့်ရက်စွဲ | 15 June, 2026 |
| ခန့်မှန်းတန်ဖိုး | - |
| လုပ်ငန်းဆောင်ရွက်မည့်နေရာ | ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီး
(အိတ်ဖွင့်တင်ဒါခေါ်ယူထားသည့် ရက်အား ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်း)
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အောက်ရှိမြို့နယ်များတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတားနှင့် Box Culvert လုပ်ငန်းများ၏ Lot စာရင်းများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်မည်ဖြစ်သည့်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူမည့် မူလအစီအစဉ်အား အောက်ပါ အတိုင်း ပြန်လည်ပြင်ဆင်ကြေညာအပ်ပါသည်_
(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် – (၁ . ၆ . ၂၀၂၆ )(တနင်္လာနေ့)
(ခ) တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက် – (၁၅ . ၆ . ၂၀၂၆ )(တနင်္လာနေ့) (၁၆:၃၀) နာရီအထိ
(ဂ) တင်ဒါ ဖွင့်ဖောက်မည့်ရက်နှင့်အချိန် – (၁၆ . ၆ . ၂၀၂၆) (အင်္ဂါနေ့ )နံနက် (၀၉ : ၃၀) နာရီ
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ နှင့် ဖွင့်ပွဲကျင်းပမည့်နေရာ – ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အမှတ်(၁၁+၁၂)၊ (၉၁)ရပ်ကွက်၊ ဇလွန်မြစ်(၃)လမ်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၂။ အသေးစိတ်အချက်အလက်များ နှင့် တင်ဒါလျှောက်လွှာများအား ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် လာရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း၊ ဖုန်း-၀၉-၉၇၅၃၆၅၄၆၇နှင့် ၀၉-၅၀၃၄၈၆၀ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
