ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
| တင်ဒါအမှတ် | - |
| ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
| လုပ်ငန်းအမျိုးအစား | လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူလိုခြင်း |
| တင်ဒါစတင်ရောင်းချသည့်နေ့ | 22 June, 2026 |
| တင်ဒါပိတ်မည့်ရက်စွဲ | 3 July, 2026 |
| ခန့်မှန်းတန်ဖိုး | - |
| လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့် တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် –
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) တာပေါ်လင်စ/စပါးခွံ(ဖွဲ)/ထင်း/သစ် ၃၀၆ ချပ်/၅၂၅၀၀ တင်း /၁၆၈၀ လံ/၁၈ တန်
(ခ) ဘာဂီဘက်ထရီ /တာယာ/Generator ၁၈၄ လုံး/၂၀၈ လုံး/၅ လုံး
(ဂ) Solar ဆက်စပ်ပစ္စည်း/Server/Tower Desktop/Firewall Licence 1 Lot/ ၁ လုံး/၁၀ လုံး/၂ ခု
(ဃ) Palto Alto Firewall/ Network Module/Air conditioner ၁ လုံး/၂ ခု/၁၃ လုံး
(င) Air Compressor/ Fuel Dispenser/ Hook Lift Dump Kit ၁ စုံ/ ၂ စုံ/၄ စုံ
(စ) 120 Hp Air compressor/ 110 kW Motor & Pump/ 710 kW Motor 1 Set/1 Lot/၁ လုံး
(ဆ) pH EC Meter/Turbidity Meter/Anthracite Coal ၄ လုံး/၃ လုံး/၂၄.၁၂ တန်
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၂၂ – ၆ -၂၀၂၆ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ၃ – ၇ -၂၀၂၆ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနခွဲတွင် ဝယ်ယူ နိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ
