ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
| တင်ဒါအမှတ် | - |
| ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
| လုပ်ငန်းအမျိုးအစား | လုပ်ငန်းသုံးပစ္စည်းများကို ကျပ်ငွေဖြင့်ဝယ်ယူခြင်း |
| တင်ဒါစတင်ရောင်းချသည့်နေ့ | 23 January, 2026 |
| တင်ဒါပိတ်မည့်ရက်စွဲ | 29 January, 2026 |
| ခန့်မှန်းတန်ဖိုး | - |
| လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါလုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်း ရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) ရေရောကတ္တရာ ၁၀ တန်
(ခ) Chipping ¾ “/ Chipping ⅜”/Crushed Dust ၃၅၀/၅၀၀/၃၅၀ ကျင်း
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၂၃ – ၁- ၂၀၂၆ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ၂၉ – ၁-၂၀၂၆ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံး ထား၍တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအားမြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနခွဲတွင် ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ
