လမ်းဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး (၁/၂ဝ၂၆-၂ဝ၂၇)(လုပ်ငန်း) အိတ်ဖွင့်တင်ဒါ(Open Tender)ခေါ်ယူခြင်း
| တင်ဒါအမှတ် | - |
| ဌာန | လမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး |
| လုပ်ငန်းအမျိုးအစား | လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်း |
| တင်ဒါစတင်ရောင်းချသည့်နေ့ | 8 June, 2026 |
| တင်ဒါပိတ်မည့်ရက်စွဲ | 24 June, 2026 |
| ခန့်မှန်းတန်ဖိုး | - |
| လုပ်ငန်းဆောင်ရွက်မည့်နေရာ | လမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး |
လမ်းဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး
(၁/၂ဝ၂၆-၂ဝ၂၇)(လုပ်ငန်း) အိတ်ဖွင့်တင်ဒါ(Open Tender)ခေါ်ယူခြင်း
၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့်ဆောင်ရွက်မည့် လမ်း/တံတား တည် ဆောက်ရေးလုပ်ငန်းများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါ၍ မြန်မာနိုင်ငံသား တိုင်းရင်းသား လုပ်ငန်းရှင်များထံမှ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါ သည်။
(က) တင်ဒါလျှောက်လွှာရောင်းချမည့်ရက်/အချိန်/နေရာ – (၈.၆.၂၀၂၆) ရက်နေ့မှ (၂၂.၆.၂၀၂၆) ရက်နေ့အထိ(ရုံးချိန်အတွင်း)၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ လမ်းဦးစီး ဌာန၊ အမှတ် (၃၉)၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်
(ခ) တင်ဒါလျှောက်လွှာတင်သွင်းရမည့် ရက်/အချိန်/နေရာ – (၁၅.၆.၂၀၂၆) ရက်နေ့မှ (၂၄.၆.၂ဝ၂၆) ရက်နေ့အထိ(ရုံးချိန်အတွင်း)၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ လမ်းဦးစီး ဌာန၊ အမှတ် (၃၉)၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်
(ဂ) တင်ဒါဖွင့်ပွဲကျင်းပမည့် ရက်/အချိန်- ထပ်မံကြေငြာပါမည်။
တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ – ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၊ အမှတ် (၃၉)၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်
၂။ တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးအဖွဲ့
၀၁-၈၃၇၁၀၆၄
TN/၂၆/တင်ဒါ(ကြော်ငြာ)
