ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ် | - |
ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
လုပ်ငန်းအမျိုးအစား | လုပ်ငန်းသုံးပစ္စည်းများ သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့်ဝယ်ယူခြင်း |
တင်ဒါစတင်ရောင်းချသည့်နေ့ | 4 August, 2025 |
တင်ဒါပိတ်မည့်ရက်စွဲ | 21 August, 2025 |
ခန့်မှန်းတန်ဖိုး | - |
လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့် တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် –
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) PH , EC Meter / Turbidity Meter ၄ လုံး /၅ လုံး
(ခ) H-Beam / Lipped Channel ၁၄ တန်/ ၁၂ တန်
(ဂ) 4 Angle Amcan Sheet ၁၈၀၀ မီတာ
(ဃ) CCTV နှင့်ဆက်စပ်ပစ္စည်းများ 1 Lot
(င) မြစ်ကျောက်စရစ် / မြစ်သဲကြမ်း ၂၅၀၀ ကျင်း / ၁၂၅၀ ကျင်း
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၄ – ၈ – ၂၀၂၅ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ၂၁ – ၈ -၂၀၂၅ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်း ဝယ်ယူရေးဌာနခွဲတွင်ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ