ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
| တင်ဒါအမှတ် | - |
| ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
| လုပ်ငန်းအမျိုးအစား | လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူလိုခြင်း |
| တင်ဒါစတင်ရောင်းချသည့်နေ့ | 9 July, 2026 |
| တင်ဒါပိတ်မည့်ရက်စွဲ | 21 July, 2026 |
| ခန့်မှန်းတန်ဖိုး | - |
| လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့် တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် –
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) ဘိလပ်မြေ/ကတ္တရာ/သံချောင်းလုံး/Beam ၁၀၄၂၄၉၁ အိတ်/၅၀၀ တန်/၁၅၀ တန်/၁၁၄ တန်
(ခ) Amphibious စက်အရံပစ္စည်းများ/ ဓါတ်ခွဲခန်းသုံးပစ္စည်း 3 Lot / 2 Lot
(ဂ) Butterfly Valve/Water Meter/Smart Meter ၁ လုံး/၁၀ လုံး/၁၇ လုံး
(ဃ) Centrifugal/Submersible Motor & Pump/ မိုးကာအင်္ကျီ 1 Lot / 1 Lot / ၁၀၀၀ ထည်
(င) မြစ်ကျောက်စရစ်/မြစ်သဲကြမ်း/လိပ်သဲကျောက်(၂)မျိုး ၃၈၂၅၀ ကျင်း/၂၂၁၅၀ ကျင်း/၇၀၇.၆၈ ကျင်း
( စ ) Workshop Tools (၅)မျိုး 1 Lot
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၉ -၇ -၂၀၂၆ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ၂၁ – ၇ -၂၀၂၆ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနခွဲတွင် ဝယ်ယူ နိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ
