ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအမှတ် -
ဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
လုပ်ငန်းအမျိုးအစား အာရ်စီ အဆောက်အဦဆောက်လုပ်ခြင်း
တင်ဒါစတင်ရောင်းချသည့်နေ့ 20 May, 2024
တင်ဒါပိတ်မည့်ရက်စွဲ 21 June, 2024
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

တင်ဒါခေါ်ယူခြင်း

၁။      လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကျန်စစ်သား လမ်းကြား၊ ပေါင်းကူးလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲခွင့်ရှိသော        မြေဧရိယာ(၃.၅၀၈)ဧကတွင် အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ၄ ခန်းတွဲ                  ၆ ထပ်တိုက် RC အဆောက်အဦ (၂၀)လုံးအား ဆောက်လုပ်မည်ဖြစ်ပါ၍ ရင်းနှီးမြုပ်နှံ ဆောင်ရွက်လိုသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးဖြစ်သည့် မြန်မာနိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီများမှ တင်ဒါတင်သွင်းနိုင်ရေး ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါပုံစံရောင်းချမည့်ရက်                 –  ၂၀-၅-၂၀၂၄ ရက်နေ့မှ ၁၄-၆-၂၀၂၄ ရက်နေ့ထိ

၃။      တင်ဒါပုံစံရောင်းချမည့်နေရာနှင့်           –  ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ အမှတ်(၃၉၉)၊

တင်သွင်းရမည့်နေရာ                               အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

၄။      တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်    –  ၂၁-၆-၂၀၂၄ ( သောကြာနေ့ )

၅။      တင်ဒါပွဲကျင်းပမည့်နေ့ရက်အား ကြိုတင်အသိပေးအကြောင်းကြားပါမည်။

၆။      မြေပြင်အခြေအနေအားသိရှိလိုပါက အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊တယ်လီဖုန်းအမှတ် ၀၉ ၈၉၁၈၀၃၀၆၉ သို့ စုံစမ်းမေးမြန်း၍ ရုံးချိန်အတွင်းသွားရောက်ကြည့်ရှုနိုင်ပါသည်။

၇။      တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ အမှတ်(၃၉၉)၊        အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ရုံးချိန် အတွင်း ၀ယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၉ – ၈၉၁၈၀၃၀၆၉ သို့ဖြစ်စေ ရုံးချိန် အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

Share this post

Leave a Reply

Your email address will not be published. Required fields are marked *


The reCAPTCHA verification period has expired. Please reload the page.