ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဉီးစီးဌာန အိတ်ဖွင့်တင်ဒါ(Open Tender)ခေါ်ယူခြင်း
၁။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်း(၂)ခု၊ Box Culvertလုပ်ငန်း(၂)ခု၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၂)ခု၊ မြေကြီး/သဲဖို့ခြင်းလုပ်ငန်း(၄)ခု၊ အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း(၇)ခု၊ Transformer တပ်ဆင်ခြင်း(၃)ခု၊ မီးငြှိမ်းသတ်ရေးစက်ပစ္စည်းကိရိယာ(၄)မျိုး၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာ (၁၃)မျိုး၊ ရုံးသုံးစက်ပစ္စည်းကိရိယာ(၂)မျိုးနှင့် အခြားစက်ပစ္စည်း(၃)မျိုးစသည့်တို့အား ဆောင်ရွက်မည် ဖြစ်ပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား သတ်မှတ်ချက်နှင့်အညီ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ ၂။ [...]
