ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
| တင်ဒါအမှတ် | - |
| ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
| လုပ်ငန်းအမျိုးအစား | လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူလိုခြင်း |
| တင်ဒါစတင်ရောင်းချသည့်နေ့ | 17 November, 2026 |
| တင်ဒါပိတ်မည့်ရက်စွဲ | 1 December, 2026 |
| ခန့်မှန်းတန်ဖိုး | - |
| လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့် တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် –
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) ဘိလပ်မြေ/ ကတ္တရာ/ ရေရောကတ္တရာ ၃၇၅၀၀ အိတ်/ ၂၆၀၀ တန်/ ၁၂၀ တန်
(ခ) မြစ်သဲကြမ်း / Chipping 3/4” / 3/8”/ Crushed Dust ၂၁၀၀ ကျင်း/ ၄၁၀၀ ကျင်း/ ၄၂၀၀ ကျင်း/ ၄၁၀၀ ကျင်း
(ဂ) HDPE ပိုက်နှင့်ပိုက်ဆက်ပစ္စည်း(၉)မျိုး /Butterfly Valve (၂)မျိုး 1 Lot/ ၄ လုံး
(ဃ) 24″ Ø, 64″ Ø Dismantling Joint/ Transformer/ Solar Pannel ၅ လုံး/ ၁ လုံး/ ၆၀ ချပ်
(င) On – Grid Solar ဓါတ်အားပေးစနစ်တည်ဆောက်ခြင်း/ On Load Tap Changer 2 Lot /1 Set
(စ) သံချောင်းလုံးအရွယ်စုံ/MS Plate/U-Beam/ဝရိန်ချောင်း ၁၂၇ တန်/၇၇.၃၀ တန်/၁၂ တန်/၅၀၀ ထုပ်
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၁၇ – ၁၁ -၂၀၂၆ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ၁ – ၁၂ -၂၀၂၆ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနခွဲတွင် ဝယ်ယူ နိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ
