သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်/တွံတေးခရိုင် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်/တွံတေးခရိုင် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအမှတ် -
ဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
လုပ်ငန်းအမျိုးအစား ကျေးလက်လမ်း၊ တံတား လုပ်ငန်းများအတွက် ပစ္စည်းတင်ဒါခေါ်ယူခြင်း
တင်ဒါစတင်ရောင်းချသည့်နေ့ 15 May, 2026
တင်ဒါပိတ်မည့်ရက်စွဲ 2 June, 2026
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီးသန်လျင်ခရိုင်/တွံတေးခရိုင

လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း​ ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သန်လျင်ခရိုင်/တွံတေးခရိုင် အတွင်းရှိ မြို့နယ်များတွင် ၂၀၂၆-၂၀၂၇  ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက် လမ်း၊တံတားနှင့် Box Culvert လုပ်ငန်းများ  ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းသုံး ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။     အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၊ သန်လျင်ခရိုင်တွင် အောက်ပါအစီအစဉ်အတိုင်း ရောင်းချ သွားမည် ဖြစ်ပါသည်-

(က)တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက်       − (  ၁၅. ၅. ၂၀၂၆) (သောကြာနေ့ )

 

 (ခ)တင်ဒါနောက်ဆုံး တင်သွင်းရမည့်ရက်               −  ( ၂. ၆. ၂၀၂၆) (အင်္ဂါနေ့ )    ၁၆:၃၀ နာရီအထိ

 

 (ဂ) တင်ဒါစိစစ်ရွေးချယ်ဖွင့်ဖောက်မည့်ရက်နှင့်အချိန်         –  (  ၄. ၆. ၂၀၂၆)(ကြာသပတေးနေ့ )နံနက် (၀၉ : ၃၀) နာရီ

 

 (ဃ)တင်ဒါတင်သွင်းရမည့်နေရာနှင့်ဖွင့်ပွဲကျင်းပမည့်နေရာ              – လက်ထောက်ညွှန်ကြားရေးမှူး(ရုံး)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်။

 

၃။  အသေးစိတ်အချက်အလက်များနှင့် တင်ဒါလျှောက်လွှာများအား လက်ထောက်ညွှန်ကြားရေးမှူး(ရုံး)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သန်လျင်ခရိုင်၊ အမှတ် ၁၁၃၆/၁၊ ပိတောက်လမ်း၊ ဘုရားကုန်း အဆင့်-၁၊ ဘုရားကုန်းကျေးရွာ၊ စစ်စီးတော၊ သန်လျင်မြို့နယ်တွင် လာရောက် ကြည့်ရှုခြင်းဖြင့်လည်းကောင်း ဖုန်း ၀၉-၇၉၈၉၆၈၀၉၃ ၊ ၀၉-၄၄၉၅၃၉၅၆၆ သို့ ရုံးချိန်အတွင်း စုံးစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာအပ် ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

 

Share this post