ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း
| တင်ဒါအမှတ် | - |
| ဌာန | ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန |
| လုပ်ငန်းအမျိုးအစား | ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် |
| တင်ဒါစတင်ရောင်းချသည့်နေ့ | 14 May, 2026 |
| တင်ဒါပိတ်မည့်ရက်စွဲ | 27 May, 2026 |
| ခန့်မှန်းတန်ဖိုး | - |
| လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန |
၁။ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်တွင် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါခေါ်ယူလိုပါသည်။
၂။ အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစိုးရအဖွဲ့ရုံး) ဂိတ်အမှတ် (၄)၊ အလုံလမ်းတွင် ၀၉၃၀ အချိန်မှ ၁၆၃၀ အချိန်အတွင်း(ရုံးပိတ်ရက်မပါ)ဝယ်ယူနိုင်ပါသည်။
၃။ တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် – ၁၄-၅-၂၀၂၆ ရက်
၄။ တင်ဒါလျှောက်လွှာအရောင်းပိတ်မည့်ရက် – ၂၇-၅-၂၀၂၆ ရက်
၅။ တင်ဒါလျှောက်လွှာတင်သွင်းရမည့်နေ့ရက် – ၂၉-၅-၂၀၂၆ ရက်(ရုံးချိန်အတွင်း)
ရန်ကုန်တိုင်းဒေသကြီးအထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန
၆။ တင်ဒါဖွင့်မည့်ရက်/အချိန် – ထပ်မံကြေညာပါမည်
၇။ တင်ဒါဖွင့်မည့်နေရာ – ရန်ကုန်တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမ
၈။ သတ်မှတ်ရက်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်းနံပါတ် ၀၁-၈၃၀၂၅၆၄ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
