ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအမှတ် -
ဌာန ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
လုပ်ငန်းအမျိုးအစား ရုံးအဆောက်အဦ(၄)လုံး၊ ဝန်ထမ်းအိမ်ရာ(၂)လုံး၊ စုစုပေါင်း အဆောက်အဦ(၆)လုံးဆောက်လုပ်ခြင်း
တင်ဒါစတင်ရောင်းချသည့်နေ့ 20 May, 2025
တင်ဒါပိတ်မည့်ရက်စွဲ 29 May, 2025
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

၁။      ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်တွင် ၂၀၂၅ -၂၀၂၆  ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးအဆောက်အဦ(၄)လုံး၊ ဝန်ထမ်းအိမ်ရာ(၂)လုံး၊ စုစုပေါင်း အဆောက်အဦ(၆)လုံး ဆောက်လုပ်မည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါခေါ်ယူလိုပါသည်။

၂။       အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစိုးရအဖွဲ့ရုံး) ဂိတ်အမှတ် (၄)၊ အလုံလမ်းတွင် ၁၂၀၀ အချိန်မှ ၁၆၀၀ အချိန်အတွင်း(ရုံးပိတ်ရက်မပါ)ဝယ်ယူနိုင်ပါသည်။

၃။      တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်ရက်      –        ၂၀.၅.၂၀၂၅ရက်

၄။      တင်ဒါလျှောက်လွှာပိတ်မည့်ရက်                  –        ၂၉.၅.၂၀၂၅ရက်

၅။      တင်ဒါဖွင့်မည့်ရက်/အချိန်                            –        ၄.၆.၂၀၂၅ရက်၊ နံနက်(၁၀၀၀)နာရီ

၆။      တင်ဒါဖွင့်မည့်နေရာ                                     –        ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အစည်းအဝေးခန်းမ

၇။      သတ်မှတ်ရက်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်းနံပါတ် ၀၁-၈၃၀၂၅၆၄ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

Share this post

Leave a Reply

Your email address will not be published. Required fields are marked *


The reCAPTCHA verification period has expired. Please reload the page.