ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အိတ်ဖွင့်တင်ဒါ‌ခေါ်ယူခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အိတ်ဖွင့်တင်ဒါ‌ခေါ်ယူခြင်း

တင်ဒါအမှတ် -
ဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
လုပ်ငန်းအမျိုးအစား လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူလိုခြင်း
တင်ဒါစတင်ရောင်းချသည့်နေ့ 20 August, 2026
တင်ဒါပိတ်မည့်ရက်စွဲ 1 September, 2026
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

        ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အိတ်ဖွင့်တင်ဒါ‌ခေါ်ယူခြင်း

၁။            ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအ‌ရောက်ကျပ်ငွေဖြင့် ဝယ်ယူ‌လိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့် တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် –

စဉ်                        ပစ္စည်းအမျိုးအမည်                                                                        အရေအတွက်

(က)  ဒီဇယ်ဆီ/ ပရီမီယံဒီဇယ်ဆီ/ ဓါတ်ဆီ(92 Ron)                            ၄၇၀၀၀၀ ဂါလန်/ ၆၀၀၀၀ ဂါလန်/ ၂၀၀၀၀ ဂါလန်

(ခ)   UPS(၂)မျိုး/ Computer(Laptop)/ တာယာ(၃၇)မျိုး                           ၁၃ လုံး/ ၅ လုံး/ ၄၈၀ စုံ/လုံး

(ဂ)   ကုလားထိုင်(လက်တန်းပါ/ လက်တန်းမပါ/ စတီး/ ဆုံလည်)          ၅၁ လုံး/ ၄၀ လုံး/ ၅၀ လုံး/ ၁၀ လုံး (ဃ)     ဘီဒို(သစ်သား/ သံ)/ ဖိုင်တင်စင်/ ကွန်ပျူတာစားပွဲ+ကုလားထိုင် ၁၀ လုံး/ ၆၂ လုံး/ ၆၀ ခု/ ၂၆ စုံ

(င)    စားပွဲ(အရာရှိ/ စာရေး/ သံ)/ 6.6 kV,710 kV Induction Motor      ၃၉ လုံး/ ၅၄ လုံး/၅၀ လုံး/ ၁ လုံး

(စ)    Laboratory Fume Hood/ သံချောင်းလုံးအရွယ်စုံ(HRB-400)       1 Set / ၂၀၀ တန်

 

၂။             အိတ်ဖွင့်တင်ဒါပုံစံများကို  ၂၀  – ၈  -၂၀၂၆ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး   ၁  – ၉ -၂၀၂၆ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနခွဲတွင် ဝယ်ယူ နိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ

Share this post