ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ် | - |
ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
လုပ်ငန်းအမျိုးအစား | လုပ်ငန်းသုံးပစ္စည်းများသတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့်ဝယ်ယူခြင်း |
တင်ဒါစတင်ရောင်းချသည့်နေ့ | 15 May, 2025 |
တင်ဒါပိတ်မည့်ရက်စွဲ | 28 May, 2025 |
ခန့်မှန်းတန်ဖိုး | - |
လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့် တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် –
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) ဓါတ်အားလိုင်းပစ္စည်း/ ဓါတ်အားခွဲရုံသုံးပစ္စည်း/ ရေဆိုးသန့်စင်စက်ရုံသုံးပစ္စည်း ၄ မျိုး/ ၄ မျိုး/ 1 Lot
(ခ) Fiber Mobile Toilet/အနံ့သက်ပျောက်ဆေးမှုန့်/ တာပေါ်လင်စ ၃၀ လုံး/ ၁၂၀၀ ထုပ်/ ၂၉၀ ချပ်
(ဂ) Glass Beads/Concrete Primer/HIP Tape(ဖြူ/နီ/ဝါ) ၁၂၀ တန်/ ၂၀၀ Drum/၉၀ လိပ်
(ဃ) မိုးကာအင်္ကျီ / ရောင်ပြန်အင်္ကျီ ၇၄၉၆ ထည်/ ၂၀၀၀ ထည်
(င) ယာဉ်မောင်းဝတ်စုံ/ လုပ်သားဝတ်စုံ/စိမ်းလန်းဝတ်စုံ(အင်္ကျီ/ဘောင်းဘီ) ၁၂၀၀ စုံ/၁၀၀၀၀ စုံ/ ၁၆၉၆ စုံ
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၁၅ – ၅ – ၂၀၂၅ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ၂၈ – ၅ -၂၀၂၅ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနခွဲတွင်ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ