ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ် | - |
ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
လုပ်ငန်းအမျိုးအစား | လုပ်ငန်းသုံးပစ္စည်းများ သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူခြင်း |
တင်ဒါစတင်ရောင်းချသည့်နေ့ | 2 January, 2024 |
တင်ဒါပိတ်မည့်ရက်စွဲ | 17 January, 2024 |
ခန့်မှန်းတန်ဖိုး | - |
လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သောအောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့် တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) တာယာ(၁၀)မျိုး/ဘက်ထရီ (၁)မျိုး ၃၆၈ လုံး/စုံ/၄၉ လုံး
(ခ) ဘိလပ်မြေ ၄၅၀၀၀၀ အိတ်
(ဂ) Amphibious Excavator သုံးစက်အရံပစ္စည်းများ (4) Lots
(ဃ) ပိုက်နှင့်ပိုက်ဆက်ပစ္စည်း(၅)မျိုး (1) Lot
(င) ရောင်ပြန်အင်္ကျီ/ မိုးကာအင်္ကျီ ၂၀၀၀/၇၁၀ ထည်
(စ) ပုံနှိပ်စက္ကူ(Wood Free) (၃)မျိုး ၁၇၅၀ ထုပ်
(ဆ) မြစ်ကျောက်စရစ်/မြစ်သဲ/လိပ်သဲကျောက်(၅)မျိုး ၁၉၁၅၀/၁၀၀၀၀/၄၁၅၈ ကျင်း
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၂ – ၁ – ၂၀၂၄ ရက်နေ့မှစ၍ရောင်းချမည်ဖြစ်ပြီး ၁၇ – ၁ -၂၀၂၄ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနခွဲတွင်ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ
Leave a Reply