ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ် | - |
ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
လုပ်ငန်းအမျိုးအစား | လုပ်ငန်းသုံးပစ္စည်းများသတ်မှတ်နေရာအရောက် ကျပ်ငွေဖြင့်ဝယ်ယူခြင်း |
တင်ဒါစတင်ရောင်းချသည့်နေ့ | 6 September, 2023 |
တင်ဒါပိတ်မည့်ရက်စွဲ | 20 September, 2023 |
ခန့်မှန်းတန်ဖိုး | - |
လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါလုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက် ကျပ်ငွေဖြင့်ဝယ်ယူလိုပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) Firewall / Core & Distribution Switch 1 Lot / ၂ လုံး
(ခ ) ဓါတ်ခွဲခန်းအတွင်းပိုင်း Vinyl Flooring များ 1 Lot
(ဂ ) ရေမီတာ(Smart Meter)ဆိုဒ်စုံ ၈၅ လုံး
(ဃ) ဒီဇယ်ဆီ/ ပရီမီယံ/ ဓါတ်ဆီ ၅၀၆၀၀၀/ ၅၀၀၀၀/ ၅၀၀၀ ဂါလန်
(င ) ဘိလပ်မြေ/ ကျောက်စရစ် ၆၀၀၀၀၀ အိတ် / ၅၃၀၀ ကျင်း
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၆ – ၉ -၂၀၂၃ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ၂၀ – ၉ -၂၀၂၃ ရက်နေ့(၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်း ဝယ်ယူရေးဌာနခွဲတွင်ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ
Leave a Reply