ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ် | - |
ဌာန | ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန |
လုပ်ငန်းအမျိုးအစား | General Procurement |
တင်ဒါစတင်ရောင်းချသည့်နေ့ | 2 May, 2025 |
တင်ဒါပိတ်မည့်ရက်စွဲ | 15 May, 2025 |
ခန့်မှန်းတန်ဖိုး | - |
လုပ်ငန်းဆောင်ရွက်မည့်နေရာ | ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန |
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ
ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီး
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်များတွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတို့ဖြင့်ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါများတင်သွင်းရန် ဖိတ်ခေါ်ပါသည် –
(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် – (၂.၅.၂၀၂၅) ရက် (သောကြာနေ့)
(ခ) တင်ဒါလျှောက်လွှာစတင်ရောင်းချမှုပိတ်သိမ်းမည့်ရက် – (၁၅.၅.၂၀၂၅) ရက် (ကြာသပတေးနေ့)
(ဂ) တင်ဒါလျှောက်လွှာ(နောက်ဆုံး)တင်သွင်းရမည့်ရက် – (၁၅.၅.၂၀၂၅) ရက် (ကြာသပတေးနေ့)
(ဃ) တင်ဒါဖွင့်လှစ်မည့်ရက် – (၂၀.၅.၂၀၂၅) ရက် (အင်္ဂါနေ့)
(င) တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ – ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး
(စ) တင်ဒါအကြိုရှင်းလင်းမည့်ရက် (သီးခြားဖိတ်စာမပို့ပါ) – (၈.၅.၂၀၂၅) ရက် (ကြာသပတေးနေ့) (နံနက် ၁၀:၀၀) တိုင်းကျေးလက်ရုံး
၂။ အသေးစိတ်သိရှိလိုပါက ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမှတ် (၂၄၅) သန်လျက်စွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ် ဖုန်းနံပါတ် – ၀၁-၉၀၁၀၆၅၀ နှင့် email – [email protected] သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ
Leave a Reply