ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအမှတ် -
ဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
လုပ်ငန်းအမျိုးအစား အဆောက်အဦပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်း
တင်ဒါစတင်ရောင်းချသည့်နေ့ 1 June, 2026
တင်ဒါပိတ်မည့်ရက်စွဲ 15 June, 2026
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

ပြည်ထဲရေးဝန်ကြီးဌာန

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီးရုံး

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေဖြင့်  အောက်ပါလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါ၍ မြန်မာ နိုင်ငံသား ကုမ္ပဏီ/ လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

အုပ်စု မြို့နယ် လုပ်ငန်း
Lot .1 ကျောက်တံတား မြို့နယ် တိုင်းဒေသကြီးရုံး အမှတ်(၁)အဆောက်အဦ၏အပြင်နံရံ(၄)ဖက်ဆေး သုတ်မွမ်းမံခြင်း(Orient)

မြေညီထပ် သံတံခါး(၅)ပေါက် ဟောလိုပိုက်ဖြင့် ထပ်မံတပ်ဆင်ခြင်း

တိုင်းဒေသကြီးရုံး ပထမထပ် ရုံးခန်း(၈)ခန်း၊ မျက်နှာကျက်များနှင့် ဘေး နံရံများဆေးသုတ်မွမ်းမံခြင်း၊ ရုံးခန်း(၂)ခန်း  Light Partition  ပြုလုပ် ခြင်း၊ Beam Joint ဆက်များရေလုံရန် Water   Proofing  ထည့်ပြုပြင်ခြင်း၊

    တိုင်းဒေသကြီးရုံး အမှတ်(၂)အဆောက်အဦ ပထမထပ်ရုံးခန်း (၄)ခန်း Vinyl Floor ခင်းခြင်း၊ မြေညီထပ် တန်းစီကွင်း မျက်နှာကျက်ကွာကျ သည့် နေရာများ Chemical အသုံးပြု၍ပြင်ဆင်ခြင်း၊ တာဝန်မှူးရုံးခန်း ခေါင်မိုးများလဲလှယ် တပ်ဆင်မွမ်းမံခြင်း၊ သန့်စင်ခန်း(၆)ခန်းနှင့်ရေချိုး ခန်း(၂)ခန်း ပြုပြင်မွမ်းမံခြင်း
    တိုင်းဒေသကြီးရုံး အမှတ်(၃)အဆောက်အဦရှိ ပြတင်းပေါက်(၈၄) ပေါက် အား သံပန်းတပ်ဆင်ခြင်း၊  ရုံးခန်း (၁၅ပေ×၂၂ပေ)ရှိအခန်း(၁)ခန်းဖွဲ့ခြင်း
Lot .2 ကျောက်တံတား မြို့နယ် Laptop (၅)လုံးဝယ်ယူခြင်း ( Core i7  Ram(16)GB  Gen 4  SSD (512)GB)  Color Printer (၁)လုံးဝယ်ယူခြင်း  (4800×2400 dpi  A3,A4,Legal)  A3 Printer (၁)လုံးဝယ်ယူခြင်း (Konica Minolta  600×600 dpi  64MB  A3,A4,Legal)

Copier (၂)လုံးဝယ်ယူခြင်း

Aircon Split Type  Chigo inverter – type 1.5HP (၁၀)လုံး  (Safeguard အပါအဝင်) ဝယ်ယူခြင်း

CCTV (၁၆)လုံးနှင့်အထိုင်စက်ပါ ဆက်စပ်ပစ္စည်းဝယ်ယူခြင်း

Lot .3 ကျောက်တံတား မြို့နယ် သံဘီဒို (၅)လုံး ဝယ်ယူခြင်း

တစ်ယောက်အိပ်သစ်သားကုတင် (၁၀)လုံး ဝယ်ယူခြင်း

စားပွဲ (၂၀)စုံ ဝယ်ယူခြင်း

ကြိတ်သားစားပွဲ (၄ပေ၆လက်မ×၂ပေ၆လက်မ)နှင့်ထိုင်ခုံ(၁၅)စုံ ဝယ်ယူခြင်း

ကွန်ပျူတာတင်စားပွဲ(၄ပေ×၂ပေ) နှင့် ကုလားထိုင်(၅)စုံ ဝယ်ယူခြင်း

၂။       (က) တင်ဒါပုံစံစတင်ရောင်းချမည့် ရက်/အချိန် –         ၁-၆-၂၀၂၆ ရက် (တနင်္လာနေ့)(၁၀ ၀၀)အချိန်

          (ခ)   တင်ဒါပုံစံရောင်းချမည့်နေရာ                 –         အမှတ်(၆၇/၆၉)၊ဆိပ်ကမ်းသာလမ်း၊ (၇)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး

          (ဂ)   တင်ဒါပုံစံတင်သွင်းရမည့်နောက်ဆုံးရက်/အချိန်         –         ၁၅-၆-၂၀၂၆ ရက်(တနင်္လာနေ့)  (၁၆ ၀၀) အချိန်

          (ဃ) တင်ဒါပုံစံဖွင့်လှစ်မည့်နေရာ                   –         အမှတ်(၆၇/၆၉)၊ ဆိပ်ကမ်းသာလမ်း၊ (၇)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး

၃။      အသေးစိတ်သိရှိလိုပါက အမှတ်(၆၇/၆၉)၊ ဆိပ်ကမ်းသာလမ်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး ၊ ဖုန်း ၀၁-၃၈၀၃၅၃ ၊ ၀၁- ၂၅၆၀၃၂ ၊ ၀၁-၃၇၁၈၃၃ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းနိုင်ပါကြောင်းနှင့် တင်ဒါဖွင့်လှစ်မည့် ရက်နှင့်အချိန်တို့ကို ထပ်မံ၍ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

                                                                                     ရန်ကုန်တိုင်းဒေသကြီးရုံး

Share this post