ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း ၁။ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်တွင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးအဆောက်အဦ(၄)လုံး၊ ဝန်ထမ်းအိမ်ရာ(၂)လုံး၊ စုစုပေါင်း အဆောက်အဦ(၆)လုံး ဆောက်လုပ်မည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါခေါ်ယူလိုပါသည်။ ၂။ အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစိုးရအဖွဲ့ရုံး) ဂိတ်အမှတ် (၄)၊ အလုံလမ်းတွင် ၁၂၀၀ အချိန်မှ ၁၆၀၀ အချိန်အတွင်း(ရုံးပိတ်ရက်မပါ)ဝယ်ယူနိုင်ပါသည်။ ၃။ တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်ရက် [...]