ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ် | - |
ဌာန | ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန |
လုပ်ငန်းအမျိုးအစား | ရုံးအဆောက်အဦ(၄)လုံး၊ ဝန်ထမ်းအိမ်ရာ(၂)လုံး၊ စုစုပေါင်း အဆောက်အဦ(၆)လုံးဆောက်လုပ်ခြင်း |
တင်ဒါစတင်ရောင်းချသည့်နေ့ | 20 May, 2025 |
တင်ဒါပိတ်မည့်ရက်စွဲ | 29 May, 2025 |
ခန့်မှန်းတန်ဖိုး | - |
လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန |
ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း
၁။ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်တွင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးအဆောက်အဦ(၄)လုံး၊ ဝန်ထမ်းအိမ်ရာ(၂)လုံး၊ စုစုပေါင်း အဆောက်အဦ(၆)လုံး ဆောက်လုပ်မည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါခေါ်ယူလိုပါသည်။
၂။ အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစိုးရအဖွဲ့ရုံး) ဂိတ်အမှတ် (၄)၊ အလုံလမ်းတွင် ၁၂၀၀ အချိန်မှ ၁၆၀၀ အချိန်အတွင်း(ရုံးပိတ်ရက်မပါ)ဝယ်ယူနိုင်ပါသည်။
၃။ တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်ရက် – ၂၀.၅.၂၀၂၅ရက်
၄။ တင်ဒါလျှောက်လွှာပိတ်မည့်ရက် – ၂၉.၅.၂၀၂၅ရက်
၅။ တင်ဒါဖွင့်မည့်ရက်/အချိန် – ၄.၆.၂၀၂၅ရက်၊ နံနက်(၁၀၀၀)နာရီ
၆။ တင်ဒါဖွင့်မည့်နေရာ – ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမ
၇။ သတ်မှတ်ရက်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်းနံပါတ် ၀၁-၈၃၀၂၅၆၄ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
Leave a Reply