ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအမှတ် -
ဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
လုပ်ငန်းအမျိုးအစား General Procurement
တင်ဒါစတင်ရောင်းချသည့်နေ့ 18 April, 2023
တင်ဒါပိတ်မည့်ရက်စွဲ 2 May, 2023
ခန့်မှန်းတန်ဖိုး -
လုပ်ငန်းဆောင်ရွက်မည့်နေရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။     ​သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း​ဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအောက်ရှိ မြို့နယ်များတွင်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက် လမ်း၊ တံတား၊ Box Culvert နှင့် မြေထိန်းနံရံ လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်။

၂။     အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင် အောက်ပါ အစီအစဉ်အတိုင်း ရောင်းချသွားမည်ဖြစ်ပါသည်။

(က)တင်ဒါလျှောက်လွှာ         −   (  ၁၈. ၄. ၂၀၂၃) (အင်္ဂါနေ့ )

စတင်ရောင်းချမည့်ရက်

(ခ)တင်ဒါနောက်ဆုံး               −  (  ၂ . ၅. ၂၀၂၃) ( အင်္ဂါနေ့ )

တင်သွင်းရမည့်ရက်              ၁၆:၃၀ နာရီအထိ

(ဂ)တင်ဒါတင်သွင်း                 −  ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊  အမှတ်(၁၁+၁၂)

ရမည့်နေရာ                           (၉၁)ရပ်ကွက်၊ ဇလွန်မြစ်(၃)လမ်း၊ ဒဂုံမြို့သစ်

(ဆိပ်ကမ်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

၃။   အသေးစိတ်အချက်အလက်များနှင့် တင်ဒါလျှောက်လွှာများအား ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် တွင် လာရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း ရုံးဖုန်း

၀၉-၂၅၃၆၆၂၉၀ နှင့် ၀၉-၄၅၁၃၉၂၂၀၇ သို့ ရုံးချိန် အတွင်း စုံးစမ်းမေးမြန်း နိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။                                   တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

Share this post