ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ် | - |
ဌာန | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
လုပ်ငန်းအမျိုးအစား | လုပ်ငန်းသုံးပစ္စည်းများသတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့်ဝယ်ယူခြင်း |
တင်ဒါစတင်ရောင်းချသည့်နေ့ | 2 May, 2025 |
တင်ဒါပိတ်မည့်ရက်စွဲ | 14 May, 2025 |
ခန့်မှန်းတန်ဖိုး | - |
လုပ်ငန်းဆောင်ရွက်မည့်နေရာ | ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ |
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက်ကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့်စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ အနေဖြင့် အိတ်ဖွင့် တင်ဒါများပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် –
စဉ် ပစ္စည်းအမျိုးအမည် အရေအတွက်
(က) HDPE ပိုက်နှင့်ပိုက်ဆက်ပစ္စည်း/ MS Plate / H,I,U Beam ၈၂၉၈ လုံး/ ၁၇၀.၈၉ တန်/၂၄၃ တန်
(ခ) GI C Channel/ သံချောင်းလုံးအရွယ်စုံ/ ပုံနှိပ်စက္ကူ ၅ တန်/ ၁၂၇၆.၈၁ တန်/ ၂၉၀၀ ထုပ်
(ဂ) Art Card ၊ သတင်းစာစက္ကူ၊ ပုံနှိပ်မင်၊ CTP Plate ၅၀ ထုပ်/၂၅၀ ထုပ်/၁၃၀၀ kg ၊ ၃၂၀၀ ချပ်
(ဃ) (၂)ယောက်စီးဘာဂီ/ဘာဂီတာယာ/ဘက်ထရီ/Chain Saw 36″/ 22″ ၃၀ စီး/ ၂၀၀ လုံး/ ၁၉၆ လုံး/ ၁၃ လုံး/ ၆၀ လုံး
(င) ဘေးလွယ်မြက်ဖြတ်စက်/သစ်(အင်/ကညင်)/ထင်း(လောင်စာ) ၁၂၀ လုံး/ ၅၀ တန်/ ၂၄၀၀ လံ
(စ) လိပ်သဲကျောက် ၆” x ၉”/ ၂” x ၄” ၉၀၄.၅၀ ကျင်း/ ၅၃၉ ကျင်း
၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၂ – ၅ – ၂၀၂၅ ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး ၁၄ – ၅ -၂၀၂၅ ရက်နေ့ (၁၂:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန၊ ပစ္စည်း ဝယ်ယူရေးဌာနခွဲတွင်ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်းအမှတ်- ၀၁ ၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ
Leave a Reply