ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြေအသုံးပြုခွင့်လျှောက်လွှာ ခေါ်ယူခြင်း


အသိပေးကြေညာချက်

( ၂၀၂၀ခုနှစ် ဖေဖော်ဝါရီ ၇ )

အသိပေးကြေညာချက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိ‌သော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက်သော်လည်းကောင်း၊ လူနေထိုင်ရန်အတွက်သော်လည်းကောင်း မြေအသုံးပြုခွင့်အား သတ်မှတ်စည်ပင်စရိတ်ပေးသွင်း၍ အသုံးပြုခွင့်ပြုမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆို သတ်မှတ်ထားသည့် မြေအသုံးပြုခွင့် လျှောက်လွှာပုံစံအတိုင်း မိမိအစီအစဥ်ဖြင့် ကွန်ပျူတာရိုက်နှိပ်ပြုစုဖြည့်စွက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နီးစပ်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး/ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများတွင် ရုံးချိန်အတွင်း တင်သွင်းနိုင်ပါသည်။

လျှောက်လွှာတင်ရမည့်နောက်ဆုံးနေ့ရက် - ( ၆-၃-၂၀၂၀ ) ရက်

(ကြော်ငြာပါမြေကွက်များအပြင် အခြားလျှောက်ထားလိုသည့် မြေကွက်များကိုလည်း အချက်အလက် ပြည့်စုံစွာဖြင့် တင်ပြလျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။


သက်ဆိုင်ရာမြို့နယ်အတွင်းရှိ မြေကွက်များစာရင်းကို အသေးစိတ်ကြည့်ရှုရန် PDF ဖိုင်ကို ရယူပါ။

PDF ဖိုင်တွင် ပါဝင်အကြောင်းအရာများ

  • အသိပေးကြေညာချက်
  • ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
  • ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
  • ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
  • ဒလမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
  • ရွှေပြည်သာမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
  • မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
  • လှိုင်သာယာမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
  • ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း
  • ကျောက်တန်းမြို့နယ်အတွင်းရှိ မြေကွက်များစာရင်း


မြေကွက်စာရင်း PDF ရယူရန်
လျှောက်လွှာပုံစံ ရယူရန်

လျှောက်လွှာတင်ရမည့်နောက်ဆုံးနေ့ရက် - ( ၆-၃-၂၀၂၀ ) ရက်