ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြေစီမံခန့်ခွဲမှုကော်မတီ၏ အသိပေးကြေညာချက်


အသိပေးကြေညာချက်

( ၂၀၁၉ခုနှစ် အောက်တိုဘာလ ၁၀ )

အသိပေးကြေညာချက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြေစီမံခန့်ခွဲမှုကော်မတီမှ နိုင်ငံပိုင် နေ့စဉ်ထုတ်သတင်းစာများတွင် စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက်လည်းကောင်း၊ လူနေထိုင်ရန်အတွက်လည်းကောင်း၊ မြေအသုံးပြုခွင့်လျှောက်ထားနိုင်ကြောင်း၊ လျှောက်လွှာရောင်းချမည့်နေ့မှာ ၇-၁၀-၂၀၁၉ ရက်နေ့မှ လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးနေ့ရက်ဖြစ်သည့် ၈-၁၁-၂၀၁၉ ရက်နေ့ထိ လျှောက်လွှာဝယ်ယူ/တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

အဆိုပါကြေညာချက်တွင် မြေအသုံးပြုခွင့်လျှောက်ထားသူများအနေဖြင့် လျှောက်ထားကာလမှာ (၁)လ အတွင်း ဖြစ်သည့်အတွက် အချိန်လုံလောက်စွာ ရရှိသဖြင့် လျှောက်လွှာဝယ်ယူရန် စိတ်ပူပန်စွာ စောင့်ဆိုင်း၊ ဆောင်ရွက်ရန်မလိုဘဲ စည်းကမ်းချက်များ၊ မြေကွက်တည်နေရာများကို သေချာဖတ်ရှု၍ ကြိုတင်စဉ်းစားလေ့လာပြီးမှ လျှောက်လွှာဝယ်ယူပါက ပိုမိုအဆင်ပြေချောမွေ့နိုင်မည်ဖြစ်ပါသည်။ လျှောက်လွှာပါ အချက်အလက်များကို ကြိုတင်လေ့လာထားပြီး မိမိလျှောက်ထားရမည့် အချက်အလက်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ ထိုသို့ဆောင်ရွက်ထားပါက လျှောက်လွှာရရှိသည်နှင့် အချိန်တိုအတွင်း ဖြည့်စွက်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ သို့ပါ၍ မြေအသုံးပြုခွင့်လျှောက်ထားသူများ အနေဖြင့်၊ လျှောက်လွှာရရှိရေးကို အဓိက မထားဘဲ (၁)လ အတွင်း ဆောင်ရွက်နိုင်ပါသဖြင့် အေးဆေးသက်သာစွာ လျှောက်လွှာရယူဆောင်ရွက်ကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်


အသေးစိတ်ကြည့်ရှုရန် PDF ဖိုင်ကို ရယူပါ။

PDF ဖိုင်တွင် ပါဝင်အကြောင်းအရာများ

  • အသိပေးကြေညာချက်
  • အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအသုံးပြုခွင့်လျှောက်လွှာပုံစံ (နမူနာ)
  • စီမံမည့်မြေများနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့် အချက်များ
  • ရောင်းချရန်လျာထားသည့် မြေကွက်များစာရင်း
  • မြေရောင်းဝယ်ခြင်းများအပေါ်အခွန်စည်ကြပ်ရန်နှုန်းထားများ


အသေးစိတ် PDF ရယူရန်

လျှောက်လွှာရောင်းချမည့်နေ့မှာ ၇-၁၀-၂၀၁၉ ရက်နေ့မှ လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးနေ့ရက်ဖြစ်သည့် ၈-၁၁-၂၀၁၉ ရက်နေ့ထိ လျှောက်လွှာဝယ်ယူ/တင်သွင်းနိုင်ပါသည်။ လျှောက်လွှာများကို သတ်မှတ်နေရာတွင် ဝယ်ယူရပါမည်။