လျှောက်ထားရန်

မြို့နယ်စည်ပင်သာယာရေးကော်မတီ သို့လျှောက်ထားရန်

  • မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံးသို့ ကာယကံရှင်မှ လျှောက်ထားရမည်။ (​လျှောက်လွှာပုံစံပူးတွဲ)
  • ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင် လူနေအိမ်(၁၀) အိမ်၏ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်
  • ကာယကံရှင်၏ လိုင်စင်ဓာတ်ပုံ(၃)ပုံ
  • ရင်းနှီးမြှုပ်နှံမှု၊ (ကာယကံရှင်က ကိုယ်ပိုင်အိမ်၌ ဖွင့်လှစ်ပိုင်ဆိုင်​ကြောင်း ဂရန်၊ ပါမစ်၊ အငှားဆိုလျှင် အငှားစာချုပ်)
  • ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူ
  • ဖွင့်လှစ်ရောင်းချမည့်ဆိုင်၏ ရှေ့/နောက်/​ဘေး ဓာတ်ပုံ(၃)ပုံနှင့်တည်နေရာပြမြေပုံ
  • ပတ်ဝန်းကျင်​ ရှေ့/နောက်/​ဘယ်/ညာ အနည်းဆုံး (၁၀)ဦး၏ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်
  • မြို့နယ်ကျန်းမာရေးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနထောက်ခံချက်များ
  • မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တဆင့် သက်ဆိုင်ရာ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးထံ တင်ပြရမည်ဖြစ်သည်
  • အချက်အလက်များပြည့်စုံပါက ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးကခွင့်ပြုပေးနိုင်ပါသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့်လျှောက်ထားရန်

  • ကာယကံရှင် လျှောက်လွှာ (ပူးတွဲဖော်ပြပါမည်။)
  • မှတ်ပုံတင် မိတ္တူ
  • ရက်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်
  • မြို့နယ် အုပ်ချုပ်ရေးမှူး ထောက်ခံချက်
  • မြို့နယ် ရဲတပ်ဖွဲ့မှူး၏ ထောက်ခံချက်
  • မြို့နယ် မွေး/ကု ထောက်ခံချက်
  • မြို့နယ် စိုက်ပျိုးရေး ထောက်ခံချက်( နို့စားနွား သယ်ယူခွင့်မပါ) များနှင့်အတူ အောက်ပါအချက်များဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ တဆင့် လျှောက်ထားရပါမည်။
  • သယ်ယူအည့်အစီအစဉ်
  • သယ်ယူမည့်လမ်းကြောင်း
  • သယ်ယူမည့် ကိုယ်စားလှယ် အမည်
  • မော်တော်ယာဉ် အမျိုးအစား၊ ယာဉ်နာပါတ်။ သင်္ဘော၊ ယာဉ်မောင်းအမည်
  • သယ်ဆောင်မည့် ကောင်ရေ
  • သယ်ဆောင်မည့်နေ့
  • သယ်ဆောင်မည့်နွား မှတ်တမ်း ဓာတ်ပုံများ

ဗီဒီယိုလုပ်ငန်းစိစစ်ကြီကြပ်ရေးကော်မတီသို့လျှောက်ထားရန်

  • လုပ်ငန်းရှင်လျှောက်လွှာ(ပူးတွဲဖော်ပြရမည်)
  • မှတ်ပုံတင်မိတ္တူ(၁)စောင်
  • အိမ်ထောင်စုစာရင်းမိတ္တူ(၁)စောင်
  • ဓာတ်ပုံ(၃)ပုံ (အခန်းမျက်နှာစာပုံ၊ စက်ထားပုံ၊ သီဆိုမည့်နေရာထိုင်ခင်းပုံ)
  • လုပ်ငန်းတည်နေရာပြမြေပုံ
  • လိုင်စင်ဓာတ်ပုံ(၂)ပုံ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ အောက်ဖော်ပြပါအချက်အလက်များနှင့်အတူ လျှောက်ထားရမည်

  • လုပ်ငန်းရှင်လျှောက်လွှာ (ပူးတွဲဖော်ပြရမည်)
  • လုပ်ငန်းတည်နေရာပြမြေပုံကြမ်း
  • လုပ်ငန်းပြမြေပုံ (အဆောက်အဦး/လုပ်ငန်းရှင်ဓာတ်ပုံ)
  • စည်းကမ်းချက်များအတွက်ခံ၀န်ကတိ (ပတ်၀န်းကျင်အနှောက်အယှက်မရှိကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုမရှိကြောင်း၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏အမိန့်/ညွှန်ကြားချက်လိုက်နာပါမည်ဟု ၀န်ခံကတိပြုချက်)
  • မီးဘေးကာကွယ်ရေးစီမံချက်/သန့်ရှင်းရေးစီမံချက်/လုံခြုံရေးစီမံချက်များ
  • အဆောက်အဦး အကျယ်အ၀န်းနှင့်အထပ်အရေအတွက်
  • ပတ်၀န်းကျင်ထောက်ခံချက် (အနည်းဆုံး ၁၀ဦး)
  • လျှပ်စစ်၊ မီးသတ်ထောက်ခံချက်
  • စည်ပင်၊ ကျန်းမာရေး စစ်ဆေးချက်
  • လုပ်ငန်းဆောင်ရွက်မည့်နေရာ၏ ပိုင်ဆိုင်မှုအထောက်အထား

မြို့နယ်လျှပ်စစ်အုပ်ချုပ်ရေးမှုးရုံးသို့လျှောက်ထားရန်

  • လုပ်ငန်းရှင်လျှောက်လွှာ(ပူးတွဲဖော်ပြရမည်)
  • အိမ်ထောင်စုစာရင်း (ပုံစံ -၁၀)
  • အသုံးပြုမည့် ထရန်စဖော်မာ၏ခန့်မှန်း ဝန်အားစာရင်း
  • ထရန်စဖော်မာ မီးစက်ဝယ်ယူထားကြောင်း ခံဝန်ကတိ
  • ကာယကံရှင်၏ မြေပိုင်ဆိုင်မှု
  • ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆောက်အဦးလူနေထိုင်ခွင့်(BCC)
  • ပတ်ဝန်းကျင်(၁၀)အိမ်၏ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်
  • စက်မှုဇုန်၌ ကိုယ့်အားကိုယ်ကိုး ထရန်စဖော်မာ လျှောက်လျှင် သက်ဆိုင်ရာစက်မှုဇုန်ကော်မတီဥက္ကဌ၏ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်
  • သက်ဆိုင်ရာ ရပ်ကွက်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်
  • ထရန်စဖော်မာ ဆောက်လုပ်မည့်မြေနေရာ၌ ကာယကံရှင်၏ အိမ်(သို့)စက်ရုံတို့မှ ကွာဝေး၍ အခြားပုဂ္ဂိုလ်များ(သို့)တစ်ဦးဆောက်လုပ်ထားသော ထရန်စဖော်မာအပေါ်မှ ဓာတ်အားလိုင်းဖြတ် ကျော်နေလျှင် ထိုပုဂ္ဂိုလ်များ(သို့)တစ်ဦး၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်တို့ကိုပူးတွဲ၍ မြို့နယ်လျှပ်စစ်အုပ်ချုပ်ရေးမှူးရုံးသို့လျှောက်ထားရမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင်လျှောက်ထားရန်

  • ရေယာဉ်အသင်းအမည် (လျှောက်လွှာ)
  • အသင်းအုပ်ချုပ်မှုအဖွဲ့/ဖွဲ့စည်းပုံ
  • ပြေးဆွဲမည့် ခရီးစဉ်ဒေသ (မြစ်ကြောင်းနှင့်လမ်းကြောင်းပြမြေပုံ)
  • ပြေးဆွဲမည့်ရေယာဉ်အရေအတွက်
  • ဆိုက်ကပ်မည့်ဆိပ်ကမ်းများ (ကျေးရွာများအပါအဝင်)
  • တောင်းခံမည့် ယာဉ်စီးခနှုန်းထားနှင့် ကုန်စည်တန်ဆာခနှုန်းထား

စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရန် လျှောက်ထားမည်ဆိုပါက သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စတင်လျှောက်ထားရမည်ဖြစ်ပြီး အောက်ပါအချက်အလက်များပါ၀င်ရမည်ဖြစ်ပါသည်

  • လုပ်ငန်းရှင်လျှောက်လွှာ(ပူးတွဲဖော်ပြရမည်)
  • စက်သုံးဆီဆောက်လုပ်မည့် မြေနေရာနှင့်ပတ်သက်သည့်မြေပိုင်ဆိုင်မှုအထောက်အထားများ(ဥပမာ-မြို့နယ်မြေစာရင်းထောက်ခံချက် (လယ်မြေကိုအခြားနည်းအသုံးပြုခွင့်ရရှိပြီး/မပြီး)
  • စက်သုံးဆီအရောင်းဆိုင်တည်နေရာပြမြေပုံ၊ အရောင်းအ၀ယ်စာချုပ်၊ အငှားစာချုပ်)
  • ဆိုင်တည်နေရာသည်လမ်းဘေးဝဲယာဖြစ်ပါက မြို့နယ်စည်ပင်နှင့်မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ လမ်းနယ်နိမိတ်နှင့်လွတ်ကင်းကြောင်း ထောက်ခံချက်
  • သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ပတ်၀န်းကျင်၏ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်ရဲစခန်းထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ထောက်ခံချက်တို့ဖြင့် တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရေး အထူးဇုန် ဗဟိုကော်မတီသို့ အမည်ပြောင်းလဲ လုပ်ကိုင်ခွင့်ပြုရန် လိုအပ်သည့် အချက်အလက်များ ပါဝင်ရမည်

  • လုပ်ငန်းလျှောက်လွှာ (ပူးတွဲ ဖော်ပြပါမည်)
  • လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူ ( မြေကွက်ဝယ်သူ)
  • လုပ်ငန်း လုပ်ကိုင်ခွင့် ကတ် မူရင်း
  • မြေစည်ပင်စရိတ်+ လမ်းဖိုး + လျှပ်စစ်မီးဖိုးငွေ ပေးသွင်းထားသည့် ငွေသွင်းပြေစာ မူရင်း
  • မြေကွက်ပေါ်တွင် လုပ်ငန်းအမှန် လုပ်ကိုင်နေကြောင်း ကာလာဓာတ်ပုံဖြင့် Postcard size ၂ပုံ
  • သတင်းစာဖြတ်ပိုင်း မူရင်း (အရောင်းအဝယ် အမည်ပြောင်း ပြုလုပ်ခြင်းနှင့် ပတ်သတ်၍ ၇ရက် အတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာခြင်း)
  • သက်ဆိုင်ရာ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရေး အထူးဇုန် ဗဟိုကောင်မတီမှ ထောက်ခံချက်မူရင်း

သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်လျှောက်ထားရန်

  • သင်တန်းအမည်
  • သင်တန်းဦးရေ
  • နည်းပြဦးရေ
  • နည်းပြအရည်အချင်းသတ်မှတ်ချက် (သင်တန်းဆင်းလက်မှတ်)
  • သင်တန်းဖွင့်လှစ်မည့်နေရာ
  • သက်ဆိုင်ရာအားကစားနည်းအလိုက် အဖွဲ့ချုပ်၏ထောက်ခံချက်
  • သင်တန်းဖွင့်လှစ်မည့် လိုအပ်သည့်ပစ္စည်းကိရိယာများထားရှိမှု (သင်ထောက်ကူပစ္စည်း)
  • သင်တန်းဖွင့်လှစ်မည့် ကာယကံရှင်မှ ရပ်ကွက်ထောက်ခံစာ
  • မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်မည့်နေရာ မှန်ကန်ကြောင်း ထောက်ခံချက်
  • သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်၏ ထောက်ခံချက် (ဥပမာ-တိုက်ကွမ်ဒိုအဖွဲ့ချုပ်၏ထောက်ခံချက်) များရှိပါက စည်ပင်တွင် လျှောက်ထားပြီး စည်ပင်မှခွင့်ပြုချက်ရပါက သင်တန်းဖွင့်လှစ်နိုင်မည်။

ပညာရေးဝန်ကြီးဌာနသို့လျှောက်ထားရန်

  • လုပ်ငန်းရှင်လျှောက်လွှာ (ပူးတွဲဖော်ပြရမည်)။
  • တာဝန်ခံကျောင်းအုပ်သည် အသက်၂၅နှစ်ပြည့်ပြီးသူဖြစ်ရမည့်အပြင် အစိုးရအသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုဖြစ်စေ၊ ကလေးသူငယ်ကျွမ်းကျင်မှုဆိုင်ရာ ဒီပလိုမာအောင်လက်မှတ်ဖြစ်စေ ရရှိသူ (သို့မဟုတ်) သက်ဆိုင်ရာဒေသအခြေအနေအရ လူမှုဝန်ထမ်းဦးစီးဌာနက လက်ခံသည့် ပညာအရည်အချင်းနှင့် ပြည့်စုံသူဖြစ်ရမည်။
  • တာဝန်ခံကျောင်းအုပ်နှင့် အနည်းဆုံးဆရာတစ်ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဖွင့်လှစ်သော သို့မဟုတ် သင့်လျော်သည်ဟု လက်ခံသော အသက်သုံးနှစ်မပြည့်သေးသူများ ပြုစုပျိုးထောင်ရေးသင်တန်းတစ်ခုခုကို တက်ရောက်အောင်မြင်ပြီးသူများ ဖြစ်ရမည်။
  • သုံးနှစ်မပြည့်မီ ကလေးများ ပြုစုပျိုးထောင်ရေးလမ်းညွှန်အပြင် သီးခြားညွှန်ကြားချက်များနှင့်အညီ ရှေးဦးကလေးသူငယ်များအား ပြုစုစောင့်ရှောက်ရမည်။
  • အသက်တစ်နှစ်မပြည့်သေးသူများအတွက် အိပ်ရန်နေရာ၊ ကစားရန်နေရာနှင့်ပစ္စည်းများ စီစဉ်ထားရှိရမည့်အပြင် အသက်သုံးနှစ်မပြည့်သေးသူများအတွက်လည်း သင့်လျော်သောနေရာနှင့်ပစ္စည်းများ စီစဉ်ထားရှိရမည်။
  • အသက်နှစ်နှစ်အောက် ကလေးသုံးဦးလျှင် ဆရာတစ်ဦး၊ အသက်နှစ်နှစ်မှ သုံးနှစ်အထိ ကလေးခြောက်ဦးလျှင် ဆရာတစ်ဦး ရှိရမည်။
  • နေ့ကလေးထိန်းဌာန ဖွင့်လှစ်မည့် အဆောက်အအုံသည် ရှေးဦးအရွယ်ကလေးသူငယ်တစ်ဦးစီအတွက် အနည်းဆုံးဧရိယာပျှမ်းမျှ ၁၈ စတုရန်းပေစီ အကျယ်အဝန်းရှိရမည်။
  • လူမှုဝန်ထမ်းဦးစီးဌာနက အခါအားလျှော်စွာ သတ်မှတ်သော အချက်များနှင့် ညီညွတ်ရမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင်လျှောက်ထားရန်

  • ယာဉ်အသင်း/အဖွဲ့အမည်
  • လျှောက်ထားသူ၏ မှတ်ပုံတင် နှင့် သန်ခေါင်းစာရင်း (မူရင်း/မိတ္တူ)
  • အသင်းအုပ်ချုပ်မှု အဖွဲ့ / ဖွဲ့စည်းပုံ
  • ပြေးဆွဲမည့်ခရီးစဉ်ဒေသ
  • ပြေးဆွဲမည့် ယာဉ်အမျိုးအစား နှင့် အရေအတွက်
  • နေ့စဉ်ပြေးဆွဲမည့် ယာဉ်စီးရေ (ယာဉ်ထွက်ခွာချိန် အချိန်ဇယား ဖော်ပြရန်)
  • ပြေးဆွဲမည့် ယာဉ်များ၏ ယာဉ်အမှတ်/ ယာဉ်အမျိုးအမည် / ယာဉ်အမျိုးအစား
  • မော်တော်ယာဉ်များအတွက် သက်ဆိုင်ရာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ဂိတ်စခန်းဖွင့်လှစ် ဆောင်ရွက်မှု အခြေအနေ
  • ရေယာဉ်များအတွက် ခရီးစဉ်အတွင်းရှိ ဆိပ်ကမ်းများတွင် ဆိုက်ကပ်မည့် အစီအစဉ်
  • တောင်းခံမည့် ယာဉ်စီးခနှုန်းထားများ၊ အခမဲ့ ခွင့်ပြုမည့်ပစ္စည်းတင်ဆောင်မှု တန်ဆာခများ
  • စက်သုံးဆီ အစီအစဉ်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနမှတစ်ဆင့်လျှောက်ထားရန်

  • တိုးချဲ့ ပြေးဆွဲမည့်ခရီးစဉ် / ပြောင်းလဲပြေးဆွဲမည့် ခရီးစဉ်ဒေသ
  • ပြေးဆွဲမည့် ယာဉ်အမျိုးအစားနှင့် အရေအတွက်
  • နေ့စဉ် ပြေးဆွဲစီးရေ (ယာဉ်ထွက်ခွာချိန် အချိန်ဇယား ဖော်ပြရန်)
  • ပြေးဆွဲမည့်ယာဉ်အမျိုးအစားများ၏ ယာဉ်အမှတ် / အမည်
  • တိုးချဲ့ပြောင်းလဲပြေးဆွဲမည့် ခရီးစဉ်အတွက် ဂိတ်ခန်းဆောင်ရွက်ထားရှိမှု အစီအစဉ်
  • ရေယာဉ်အတွက် ဆိုက်ကပ်မည့် ဆိပ်ကမ်းအစီအစဉ်
  • တောင်းခံမည့်ယာဉ်စီးခနှုန်းထားများ ၊ အခမဲ့တန်ဆာများ ၊ တန်ဆာခနှုန်းထားများ
  • စက်သုံးဆီအစီအစဉ်

မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးဗဟိုကော်မတီတွင်လျှောက်ထားရန်

  • လုပ်ငန်းရှင်လျှောက်လွှာ (ပူးတွဲဖော်ပြရမည်)။
  • လုပ်ငန်းသုံးပစ္စည်းများစာရင်း။
  • လုပ်ငန်းသုံးပစ္စည်းများအတွက် ကျသင့်သော အကောက်ခွန်ပေးဆောင်ပြီးကြောင်းအထောက်အထား မိတ္တူများ။
  • (လိုအပ်ပါက) လုပ်ငန်းသုံးပစ္စည်းများအတွက် တရားဝင်ပိုင်ဆိုင်ကြောင်း သို့မဟုတ် တရားဝင်လက်ခံ ရရှိထားကြောင်း အထောက်အထားမိတ္တူများ။
  • လုပ်ငန်းသုံးစက်ပစ္စည်းများအတွက် ဆက်သွယ်ရေး ၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက သတ်မှတ်ထားသည့် လိုင်စင်ခ ပေးဆောင်ပြီးကြောင်း အထောက်အထားမိတ္တူများ။
  • အမျိုးသားမှတ်ပုံတင် / နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။
  • အိမ်ထောင်စုစာရင်းမိတ္တူ (၁) စောင်။
  • လိုင်စင်ဓာတ်ပုံ (၂) ပုံ။
  • သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ထုတ်ပေးသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်။
  • မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ထောက်ခံချက်။
  • ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် ဗီဒီယိုလုပ်ငန်းစိစ်ကြီးကြပ်ရေးဗဟိုကော်မတီတို့က အခါအားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ပါမည်ဟူသော ဝန်ခံချက်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနသို့လျှောက်ထားရန်

  • ပြေးဆွဲမည့်ခရီးစဉ်နှင့်လမ်းကြောင်းပြမြေပုံ
  • ပြေးဆွဲမည့်ယာဉ်အမျိုးအစားနှင့်အရေအတွက်
  • နေ့စဉ်ပြေးဆွဲစီးရေနှင့် (ယာဉ်ထွက်ခွာမည့်အချိန်ဇယား)
  • တောင်းခံမည့် ယာဉ်စီးခနှုန်းထား
  • ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်မည့်စည်းကမ်းချက်များ
  • ပြေးဆွဲမည့် ခရီးစဉ်ဒေသရှိ မြို့နယ် / ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏သဘောထား ထောက်ခံချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင်လျှောက်ထားရန်

  • ယာဉ်အသင်း/အဖွဲ့အမည်
  • အသင်းအုပ်ချုပ်မှုအဖွဲ့/ဖွဲ့စည်းပုံ
  • ပြေးဆွဲမည့် ခရီးစဉ်နှင့်လမ်းပြမြေပုံ
  • ပြေးဆွဲမည့်ယာဉ်အမျိုးအစားအရေအတွက်
  • နေ့စဉ်ပြေးဆွဲမည့်အစီးရေနှင့် ယာဉ်ထွက်ခွာပြေးဆွဲမည့်အချိန်ဇယား
  • တောင်းခံမည့် ယာဉ်ခနှုန်းထား
  • ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်မည့် စည်းကမ်းချက်များ

ပညာရေးဝန်ကြီးဌာနသို့လျှောက်ထားရန်

  • လုပ်ငန်းရှင် လျှောက်လွှာ
  • တာဝန်ခံကျောင်းအုပ်သည် အသက် ၂၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် အစိုးရ အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခုဖြစ်စေ၊ ကလေးသူငယ် ကျွမ်းကျင်မှုဆိုင်ရာ ဒီပလိုမာအောင်လတ်မှတ်ဖြစ်စေ ရရှိသူ (သို့) သက်ဆိုင်ရာ ဒေသအခြေအနေအရ လူမှုဝန်ထမ်း ဦးစီးဌာနက လက်ခံသည့် ပညာအရည်အချင်းနှင့် ပြည့်စုံသူ ဖြစ်ရမည်။
  • တာဝန်ခံကျောင်းအုပ် နှင့် အနည်းဆုံးဆရာတစ်ဦးတို့သည် လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးကြပ် ဖွင့်လှစ်သော (သို့) သင့်လျော်သည်ဟု လက်ခံသော မူလတန်ဒကြိုသင်တန်း တစ်ခုခုကို တက်ရောက်အောင်မြင်ပြီးသူများ ဖြစ်ရမည်။
  • မူလတန်းကြို အရွယ်ကလေးများ ဘက်စုံဖွံဖြိုးရေး သင်ရိုးညွှန်းတန်း၊ ဆရာလက်ဆွဲ၊ သီးခြားလမ်းညွှန်ချက်များနှင့်အညီ မူလတန်းကြို အတန်းများတွင် ထားရှိအသုံးပြုသည့် သင်ယူရန်နေရာများနှင့် အကြောင်းအရာ အခြေပြု ချဉ်းကပ်နည်းတို့ကို ချိတ်ဆက် အသုံးပြုပြီး ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးရမည်။
  • အသက် သုံးနှစ်မှ ငါးနှစ်အတွင်း ကလေး ၁၅ ဦးလျှင် ဆရာတစ်ယောက်ရှိရမည်။
  • မူလတန်းကြိုကျောင်း ဖွင့်လှစ်မည့် အဆောက်အအုံသည် ရှေဦးအရွယ် ကလေးသူငယ် တစ်ဦးစီအတွက် အနည်းဆုံး ဧရိယာ ပျမ်းမျှ ၁၈ စတုရန်းပေ အကျယ်အဝန်း ရှိရမည်။
  • လူမှုဝန်ထမ်းဦးစီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားသော အချက်များနှင့် ညီညွတ်ရမည်။

  • လုပ်ငန်းရှင်လျှောက်လွှာ (ပူးတွဲဖော်ပြပါမည်)
  • စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ထုတ်ကုန် သွင်းကုန် မှတ်ပုံလက်မှတ်
  • ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ စီးပွားရေးအကျိုးဆောင် မှတ်ပုံလက်မှတ်
  • သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်
  • မြို့နယ်လျှပ်စစ်ထောက်ခံချက်
  • မြို့နယ် မီးသတ်ဦးစီးဌာနထောက်ခံချက်
  • မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်
  • ဘေးပတ်ဝန်းကျင်နေအိမ်များ၏ ကန့်ကွက်ရန်မရှိ​ကြောင်း ထောက်ခံချက်တို့နှင့်အတူမြို့နယ်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားရမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနသို့လျှောက်ထားရန်

  • ပြောင်းလဲပြေးဆွဲမည့် ယာဉ်အမျိုးအစားနှင့်အရေအတွက်
  • ပြောင်းလဲပြေးဆွဲမည့် ယာဉ်အမှတ် / အမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

  • ယာဉ်အသင်း/အဖွဲ့အမည်
  • လျှောက်ထားသူ၏ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)
  • အသင်းအုပ်ချူပ်မှုအဖွဲ့ /ဖွဲ့စည်းပုံ
  • ပြေးဆွဲမည့်ခရီးစဉ်ဒေသ
  • ပြေးဆွဲမည့် ယာဉ်အမျိုးအစားနှင့်အရေအတွက်
  • နေ့စဉ်ပြေးဆွဲမည့်ယာဉ်စီးရေ (ယာဉ်ထွက်ခွာချိန် အချိန်ဇယားဖော်ပြရန်)
  • ပြေးဆွဲမည့်ယာဉ်များ၏ ယာဉ်အမှတ်/ယာဉ်အမျိုးအမည်/ယာဉ်အမျိုးအစား
  • မော်တော်ယာဉ်များအတွက် သက်ဆိုင်ရာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ဂိတ်စခန်းဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေ
  • ရေယာဉ်များအတွက် ခရီးစဉ်အတွင်းရှိ ဆိပ်ကမ်းများတွင် ဆိုက်ကပ်မည့်အစီအစဉ်
  • တောင်းခံမည့် ယာဉ်စီးခနှုန်းထားများ၊ အခမဲ့ခွင့်ပြုမည့် ပစ္စည်းတင်ဆောင်မှုတန်ဆာခများ
  • စက်သုံးဆီအစီအစဉ်

သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ အောက်ဖော်ပြပါ အချက်အလက်များနှင့်အတူ လျှောက်ထားရပါမည်

  • လုပ်ငန်းရှင်လျှောက်လွှာ (ပူးတွဲဖော်ပြရမည်)
  • သားသတ်လိုင်စင် (ပူးတွဲတင်ပြရမည်)
  • လိုင်စင်ကြမ်းခင်းဈေး၏ (၁၀%)ငွေကို အမှုဆောင်အရာရှိအမည်ဖြင့် (POP)ပြုလုပ်ပေးသွင်းထားသည့် အထောက်အထား
  • မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းပိုင်ဆိုင်မှု အထောက်အထား (အိမ်ခြံမြေ၊ ဂရန်မူရင်း၊ ငွေစုစာအုပ်၊ ငွေစုလက်မှတ်)
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ(၁)စောင်
  • ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်
  • လေလံစည်းကမ်းအား သိရှိလိုက်နာနိုင်ပါကြောင်း ကိုယ်တိုင်ဝန်ခံချက်

အောက်ပါအချက်များနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လျှောက်ထားရမည်

  • ကာယကံရှင်လျှောက်လွှာ၊ မှတ်ပုံတင်မိတ္တူ ၊ မြေပိုင်ဆိုင်မှု(သို့မဟုတ်)ဌားရမ်းခြင်းစာချုပ်
  • လုပ်ငန်းရှင်လျှောက်လွှာ(ပူးတွဲဖော်ပြရမည်)
  • ရပ်ကွက်ထောက်ခံချက် ဟိုတယ်၏မှတ်တမ်းဓာတ်ပုံများ (အရှေ့၊ ဘေး၊ အတွင်းခန်းများ)
  • မြို့နယ်စည်ပင်သာယာရေးထောက်ခံချက်
  • မြို့နယ်လျှပ်စစ်၏ထောက်ခံချက်
  • မြို့နယ်ကျန်းမာရေးထောက်ခံချက်
  • မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထောက်ခံချက်
  • မြို့နယ်မီးသတ်ထောက်ခံချက်
  • ဟိုတယ်ပတ်ဝန်းကျင်နေအိမ်(၁၀)ဦးထောက်ခံချက်

အဆိုပါထောက်ခံချက်များနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ခံချက်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြရပါမည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်လျှောက်ထားရန်

  • ဌာနမှ သတ်မှတ်လျှောက်လွှာ (စာမျက်နှာ (၁) ရှိ အဆောက်အဦအမျိုးအစားနေရာတွင် လမ်းအကျယ် ဖြည့်စွက်ရန်)
  • လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ ( A4 Size တစ်မျက်နှာတည်းတွင် အပေါ်၊အောက် မိတ္တူကူးရန် )
  • သက်ဆိုင်ရာဌာနမှ (၃) နှစ်အတွင်း ထုတ်ပေးသော မြေပုံ/ မြေရာဇဝင်မူရင်း
  • ဂရန်မိတ္တူ (သို့) မြေပိုင်မြေအတွက် နယ်နမိတ်တိုင်းတာ သတ်မှတ်သည့် မြေပုံမူရင်း နှင့် တိုက်ဆိုင်စစ်ဆေးရန်
  • ပတ်ဝန်းကျင်နေအိမ်များမှ ကန့်ကွက်ရန်မရှိကြောင်း နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်
  • မြို့နယ်အုပ်ချုပ်ရေးမှူး၏ အခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်
  • (၃) ထပ် နှင့် အထက် ကန်ထရိုက်တိုက် အဆောက်အဦများအတွက် မြေပိုင်ရှင်၊ ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာ ၊ အဆောက်အအုံ အင်ဂျင်နီယာ တို့၏ အဆောက်အအုံလုပ်ခြင်း နှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိ (၄ ဦး Bond )
  • (၃) ထပ် နှင့် အထက် အဆောက်အအုံများ အတွက် မီးသတ်ထောက်ခံချက်
  • (၄) ထပ် နှင့် အထက် အဆောက်အအုံများ အတွက် Theodolite Reading
  • လိုင်စင်အင်ဂျင်နီယာမှ လက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ (၃) စုံ (A1 Size 33.1″ x 23.4″ )
  • (၃) ထပ် နှင့် အထက် အဆောက်အအုံများ အတွက် အဆောက်အအုံ အင်ဂျင်နီယာ (SEC) မှ တွက်ချက်တင်ပြထားသည့် အဆောက်အအုံ၏ ခိုင်မာမှု ဆိုင်ရာတွက်ချက်မှုပုံစံ (၁)စုံ
  • (၃) ထပ် နှင့် အထက် အဆောက်အအုံများ အတွက် မြေခံနိုင်အားစမ်းသပ်မှု ( Soil Test)

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လျှောက်ထားရန်

  • လုပ်ငန်းရှင်လျှောက်လွှာ (ပူးတွဲဖော်ပြရမည်)
  • လုပ်ငန်းရှင်ဓာတ်ပုံ ၃ ပုံ
  • သန်းခေါင်စာရင်းမိတ္ထူ၊ မှတ်ပုံတင်မိတ္ထူ
  • လုပ်ငန်းတည်နေရာပြမြေပုံကြမ်း
  • လုပ်ငန်းဆောင်ရွက်မည့်နေရာ၏ လုံလောက်သောအကျယ်အဝန်းနှင့် မြေပိုင်ဆိုင်မှုအထောက်အထား
  • လုပ်ငန်းဆောင်ရွက်မည့်မြေအား ငှားရမ်းဆောင်ရက်သည်ဆိုပါက ငှားရမ်းထားကြောင်း ခိုင်လုံသည့် စာချုပ်စာတမ်း အထောက်အထားများ
  • အကောက်ခွန်ဦးစီးဌာနမှ အခွန်ဆောင်ပြီးကြောင်း အထောက်အထား
  • ပတ်ဝန်းကျင်ထောက်ခံချက် (အနည်းဆုံး ၁၀ ဦး)
  • စီးပွားကူးသန်း၏ သွင်းကုန်လိုင်စင်
  • စက်တစ်ခုချင်း၏ ကစားပုံနည်းစနစ်အသေးစိတ်ဖော်ပြချက် (ဓာတ်ပုံပူတွဲလျက်)
  • ပစ္စည်းတင်သွင်းသည့် ကုမ္ပဏီမှလုပ်ငန်းရှင်သို့ Game စက်လွှဲပြောင်းခြင်းအထောက်အထား
  • လောင်းကစားမပြုလုပ်ကြောင်းဝန်ခံချက်
  • လုပ်ငန်းဓာတ်ပုံ ၃ ပုံ (ရှေ့/ဘေး၊ ဘယ်/ညာ)
  • သက်ဆိုင်ရာ ရပ်ကက်အုပ်ချုပ်ရေးမှူး၊ လျှပ်စစ်ဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့၏ ထောက်ခံချက်